4TV ရုပ်သံလိုင်းများ ပြောင်းလဲမှုကြောင့် လစဉ်ကြေးပေးသွင်းပြီး ကြည့်ရှုနေသူများ အဆင်မပြေဖြစ်နေသည့် ကိစ္စအွန်လိုင်းပေါ်တွင် ကျယ်ကျယ်လောင်လောင် ပြောဆိုဝေဖန်မှုများ ရှိလာခဲ့ပြီးနောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း Facebook ဖြစ်သော (Consumer Protection Association of Myanmar) တွင် ထုတ်ပြန်ကြေညာချက်အရ 4TV ရုပ်သံလိုင်း အစီစဉ်များမှ CANAL + ရုပ်သံလိုင်း အစီစဉ်များသို့ စားသုံးသူများကို ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ပြောင်းလဲခဲ့မှုအပေါ် တိုင်ကြားစာအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး Forever Group မှ သုံးစွဲသူများ ကျေနပ်သည်ထိ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းဓါတ်ပုံ − Consumer Protection Association of Myanmar