1. Home
  2. Special or Others

တရုတ်အမျိုးသားထုကြီးကို ရုတ်ရုတ်သဲသဲဖြစ်စေခဲ့တဲ့ ဂျပန်မင်းသမီး၊ porn star Sora Aoi ကတော့ သူမရဲ့ မင်္ဂလာသတင်းကို အွန်လိုင်းက တစ်ဆင့် ပရိသတ်တွေကို အသိပေး လိုက်

Special or Others ม.ค. 17, 2561 view 2,900
ဂျပန်မင်းသမီး၊ porn star  Sora Aoi ကတော့ သူမရဲ့ မင်္ဂလာသတင်းကို အွန်လိုင်းက တစ်ဆင့် ပရိသတ်တွေကို အသိပေး လိုက် တာပါ။သူမရဲ့ မင်္ဂလာသတင်းကို ကြားလိုက်ရတဲ့ တရုတ်အမျိုး သား ထုကြားမှာ ရုတ်ရုတ်သဲ သဲဖြစ်ခဲ့ ပါတယ်။အကြောင်းအရင်းကတော့ သူမဟာ တရုတ်မှာ အရမ်းကို နာမည်ကြီးရေပန်းစားတဲ့ Porn Star တစ်ယောက်ဖြစ်နေလို့ပါ။တရုတ်လူငယ်အင်တာနက်အသုံးပြုသူတွေ ကြားမှာ အတော်လေးကို လွှမ်းမိုးမှုရှိသူပါ။သူမရဲ့ မင်္ဂလာသတင်းကိုတော့ ဇန်န၀ါရီ(၁)ရက်နေ့တုန်းက ဆိုရှယ်မီဒီယာမှာ စေ့ စပ်လက်စွပ်ပုံကို ပြပြီး Ms Aoi က အသိပေးကြေညာလိုက်တာပါ။
 
 
ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သူမရဲ့ ပရိသတ်တွေကတော့ ဒီသတင်းကို သိလိုက်ရတော့ ပျော်ရွှင် ၀မ်ြးေ မာက်ပေးခဲ့ကြပါတယ်။post တင်ပြီး (၄၈)နာရီအတွင်းမှာပဲ  Weibo မှာ comments (170, 0 00)နဲ့ likes (830,000 ) ရခဲ့ပါတယ်။Post ရဲ့အောက်မှာတော့“ကျွန်တော်တို့က ခင်ဗျားရဲ့ ဇာတ်ကားတွေနဲ့ပဲ ကြီးပြင်းလာခဲ့ရတာပါ။အမြဲတမ်းအားပေးနေပါ့မယ်””ခင်ဗျားက ကျွန်တော့်ရဲ့ နတ်ဖုရားမလေးပါပဲ၊ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဆိုပြီး သူမရဲ့ အမာခံ fan တွေက Comments တွေ ၀င်ရေးခဲ့ပါတယ်။
 
 
သူမ လက်တွဲမယ့်သူကတော့ ဂျပန်ဂီတသမား DJ Non ပါ။သူမအနေနဲ့ လက်ထပ်ပြီး အိမ်ထောင်တစ်ခု ထူထောင်ဖို့ စိတ်ကူးအမြဲရှိခဲ့ကြောင်း၊ကလေးေ တွကိုလည်း ချစ်ပြီး မိသားစုဘ ၀လေး ထူထောင်ချင်ကြောင်း၊သူမ ခင်ပွန်းအဖြစ် ရွေးချယ်လိုက် တဲ့ သူက မချမ်း သာပေမယ့် သူမဟာ အပြာမင်းသမီးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အချက်တွေနဲ့ တခြား အရာေ တွကို နားလည်ချေဖျက်ပေးနိုင်သူပါလို့ ပြောခဲ့ပါတယ်။
 
 
Ms Aoi ဟာ Porn လောကထဲကို (၂၀၀၀)ခုနှစ်လောက်က စတင်ဝင်ရောက်ခဲ့တာပါ။သူမရဲ့ သက် တမ်းတစ်လျှောက်မှာ   adult films (၉၀)ကျော် ရိုက်ကူးခဲ့ပါတယ်။(၂၀၀၃)နဲ့ (၂၀၀၅) တို့မှာဆိုရင် လစဉ်တိုင်းလိုလို ဇာတ်ကားသစ်ရိုက်ကူး၊ထွက်ရှိဖြစ်ခဲ့သူပါ။အပြာရုပ်ရှင် ဇာတ်ကား တွေဟာ တရုတ်မှာ တရားဝင်ခွင့်ပြုမထားပါဘူး။ဒါပေမယ့် တရုတ်အမျိုးသားပရိသတ်တွေ ကြား မှာတော့ သူမရဲ့ ဇာတ်ကားတွေဟာ အရမ်းနာမည်ကြီးပြီး အရူးအမူးကို အားပေးကြတာပါ။Ms Aoi ဟာ (၂၀၁၀)ဧပြီ (၁၁)မှာ တွစ်တာအကောင့်စတင်အသုံးပြုခဲ့ပါတယ်။တွစ်တာကို ခွင့်ပြု မထားတဲ့ တရုတ်ပရိသတ်တွေကြား ဒီသတင်းပျံ့သွားတဲ့ အခါမှာတော့ တရုတ်fans တွေက VPNs တွေသုံးပြီး သူမကို follow လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။
 
 
(၇)လလောက်အကြာမှာတော့ တရုတ်ပရိ တ်တွေအတွက် Ms Aoi က Weibo အကောင့် ဖွင့်ခဲ့ပါတယ်။သူမကို follow လုပ်သူ (၁၈)သန်းေ ကျာ်ရှိခဲ့ပါတယ်။အားပေးသူပရိသတ်ေ တွအ ရမ်းများခဲ့ပြီး  Taylor Swift၊David Beckham တို့ထက်တောင်ပိုပြီး လူကြိုက်များ ခဲ့တယ်လို့ ပြောလို့ရပါတယ်။သူမဟာ အပြာရုပ်ရှင်လောက ကနေ (၂၀၁၁)မှာတော့ အနားယူခဲ့ပါတယ်။ မင်း သမီး အဆိုတော်တစ်ယောက်အဖြစ် ပြောင်းလဲ ရပ်တည်ခဲ့ပါတယ်။ဒါပေမယ့် သူမကို အားပေးတဲ့ တရုတ်ပရိသတ်ကတော့ ဒီနေ့ အထိ အခိုင်အမာ ရှိနေတုန်းပါ။ဒါကြောင့်လည်း သူမရဲ့ မင်္ဂလာ သတင်းကို ကြားတဲ့ အခါမှာတော့ အမျိုးသားထုကြား ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး ၀မ်းသာ၊၀မ်းနည်း ဖြစ်ခဲ့ကြတာလို့ သိရပါတယ်။
 
 
 
Credit .... lyhealthcare


Follow us on