1. Home
  2. Special or Others

လွပ်လပ်ရေးနေ့ ဆိုသည်မှာ...

Special or Others ม.ค. 03, 2561 view 5,587

ရတနာပုံခေတ် မြန်မာတို့၏ နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါမင်း ၁၈၈၅ ခုနှစ်တွင် ပါတော်မူသွားခဲ့ပြီးနောက် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှတို့၏ လက်အောက်သို့ ရောက်ရှိခဲ့ပြီး ဗြိတိသျှကိုလိုနီအဖြစ် သိမ်းပိုက်ခံခဲ့ရကာ ကိုယ့်မင်းကိုယ့်ချင်းဖြင့် အုပ်ချုပ်သောဘဝမှ ကိုယ်ပိုင်လွပ်လပ်ခွင့် ဆုံးရှုံးခဲ့ရသည်။

ထိုအချိန်မှစ၍ တိုင်းတစ်ပါးတို့၏ အုပ်ချုပ်စိုးမိုးမှုကို မြန်မာနိုင်ငံ အောက်ပိုင်းတွင် နှစ်ပေါင်း (၁၀၀) ကျော်၊ မြန်မာနိုင်ငံအထက်ပိုင်းတွင် နှစ်ပေါင်း (၆၀)ကျော် ခံခဲ့ရပြီးနောက်  ခေတ်အဆက်ဆက် တိုင်းရင်းသား ခေါင်းဆောင်ကြီးများအားလုံး စည်းလုံညီညွတ်စွာ ကြိုးပမ်းမှုအားဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် လွပ်လပ်ရေးရရှိခဲ့ပြီး လုံးဝလွပ်လပ်သော အချုပ်အချာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ထိုအချိန်မှစ၍ ဇန်နဝါရီလ(၄)ရက်နေ့ကို “လွပ်လပ်ရေးနေ့” ဟူ၍ နေ့ထူးနေ့မြတ်ကြီးတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရသောနေ့ဖြစ်သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂ဝ တွင် လွတ်လပ်ရေး ကြေညာလိုက်သောအခါ အတွင်းဝန်ရုံးများအတွင်း လွှတ်တော်အဆောက်အအုံရှေ့ရှိ  အလံတိုင်ထိပ်၌ လွတ်လပ်ရေးမရမီအချိန်ထိ လွှင့်ထူထားသော  ဗြိတိသျှတို့၏ ယူနီယံဂျက်အလံသည် တိုင်ခြေရင်းသို့ တဖြည်းဖြည်း လျှောဆင်းလာရပြီးနောက်  မြန်မာနိုင်ငံတော်အလံသည် ဝင့်ကြွားစွာဖြင့် တိုင်ထိပ်သို့ တလူလူ တလွင့်လွင့် မြင့်တက်လာခဲ့ရာ ကြည့်ရှုသူ မြန်မာတိုင်းရင်းသားများ ရင်တလှပ်လှပ်နှင့် ကြက်သီးမွေးညင်းများ ထလုသည်အထိ  အလွန်စိတ်အားတက်ကြွဖွယ်ရာဖြင့် ဂုဏ်ယူဝင့်ကြွားခဲ့ကြရသည်။

ပထမဦးဆုံး လွပ်လပ်ရေးအောင်ပွဲ အခမ်းအနားကို ၁၉၄၈ ခုနှစ်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး လွှတ်တော်အဆောက်အအုံရှေ့၌ ကျင်းပခဲ့သည်။ ဆက်လက်၍  နံနက် ၆:၃ဝ နာရီတွင်  အလုံလမ်း ဘုရင်ခံအိမ်တော်ရှေ့၌   ဒုတိယအကြိမ်  အလံတင် အခမ်းအနား ကျင်းပပြီး ပြည်ထောင်စုအလံ လွှင့်တင်ပြီး နောက် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် လွတ်လပ်ရေး ကျောက်တိုင် အုတ်မြစ်ချခဲ့သည်။  
လွတ်လပ်ရေး ကျောက်တိုင်    တည်ဆောက်ပြီးစီးသည့်နောက်ပိုင်း အလံတော်လွှင့်ထူခြင်း အခမ်းအနားကို လွတ်လပ်ရေး ကျောက်တိုင်ရှေ့ရှိ အလံတိုင်၌ လွှင့်ထူ၍ ဝင့်ကြွားစွာ ကျင်းပခဲ့ကြသည်။

လွပ်လပ်ရေးကြေညာစာတမ်း

အခက်အခဲအမျိုးမျိုးကြားမှ မြန်မာတိုင်းရင်းသားခေါင်းဆောင်များ၏ မဆုတ်နစ်သော ဇွဲလုံ့လသတ္တိတို့ဖြင့် သွေး၊ ချွေးများစွာ ရင်းနှီးခဲ့ပြီးမှ ရရှိခဲ့သော လွပ်လပ်ရေးကို အရှည်တည်တံ့ခိုင်မြဲစေရန်မှာ ပြည်ထောင်စုသားအားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ မမေ့မလျော့ကြစေရန် နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ရောက်တိုင်း လွပ်လပ်ရေးကျောက်တိုင်၌ စုဝေးကာ ပြည်ထောင်စုတည်မြဲရေး တိုးတက်ရေးကို မမေ့မလျော့ဆောင်ရွက်ရန် အဓိဋ္ဌာန်များပြုလေ့ရှိကြသည်။

ထို့ပြင်မြို့နယ်၊ ရပ်ကွက်များအတွင်း လမ်းများအလိုက် လွပ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ်ကြပြီး အများပြည်သူ လွပ်လပ်ရေး၏ အရသာကို ခံစားသိရှိနိုင်ရန် တရားဝင်အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့သည်။

ကိုးကား - moi, wiki

Photo − internet
 



Follow us on