1. Home
  2. Football

ဘောလုံးသမားဘ၀က အနားယူပြီးရင် သရုပ်ဆောင်လုပ်ချင်တယ်လို့ စီရော်နယ်ဒို ဖွင့်ဟ

Football ม.ค. 02, 2561 view 1,541
ဘောလုံးသမားဘ၀က အနားယူပြီးရင် သရုပ်ဆောင်လုပ်ချင်တယ်လို့ ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒိုက ထုတ်ဖော်ပြောလိုက်ပါတယ်။ အားကစားသမိုင်းမှာ ဆုတံဆိပ်တွေ အများဆုံးဆုံးရရှိတဲ့ ဘောလုံး သမားတွေ ထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ ရော်နယ်ဒိုဟာ မကြာသေးခင် ကမှ ပဉ္စမမြောက် ဘောလွန်းဒီအော် ဆုကို ရရှိထား သူဖြစ်ပါတယ်။ အသက် (၃၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ရီးယဲလ် မက်ဒရစ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း (၃) နှစ်ကျန်ရှိနေသေးပေမယ့် သူ့အနာဂတ် ကို အရင်ကတည်းက ကြိုတင်စဉ်းစားထား တယ်လို့ ဆိုပါတယ်။
 
 
လောလောဆယ်မှာ ဘောလုံးအားကစားကို သာ အာရုံစိုက်ထား ပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ အနားယူရမယ့် နေ့ရက်ကို ရောက်ရှိလာ လိမ့်မယ်လို့ ရော်နယ်ဒို ကပြောပါတယ်။ အနားယူပြီးချိန်မှာတော့ ရုပ်ရှင်တွေရိုက်ဖို့နဲ့ အခြားအရာတွေကို ကြိုးစား လုပ်ချင်တယ်လို့ ဆိုပါတယ်။ အနာဂတ် အတွက် အစီအစဉ်တွေကို အသက် (၂၇) နှစ်လောက်ကတည်းက ကြိုတင်စဉ်းစားပြီး ပြင်ဆင်ထားခဲ့ တာဖြစ်တယ်လို့လည်း ရော်နယ်ဒိုက ပြောပါတယ်။ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ အခုနှစ် ဘောလုံး ရာသီမှာ ရီးယဲလ် မက်ဒရစ် အသင်းအတွက် ပြိုင်ပွဲစုံ (၂၂) ပွဲပါဝင်ပြီး (၁၆) ဂိုးသွင်းယူထားတယ်လို့ စပေါ့မိုး သတင်းမှာ ဖော်ပြထားပါတယ်။
 
 
 
 
Credit >>>  မြန်မာ့သတင်းစုံ - Myanmar News


Follow us on