1. Home
  2. Special or Others

အိမ်ထောင်ရေးဖောက်ပြန်ပြီး ဇနီးသည်ကို မညှာမတာကားနဲ့ ကြိတ်သတ်မိခဲ့

Special or Others ธ.ค. 12, 2560 view 3,592

တရုပ်နိုင်ငံ ဂွမ်ဒေါင်းမြို့မှ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူရဲ့ ဖောက်ပြန်မှုကို ခြေရာခံစုံစမ်းရင်း လက်ပူးလက်ကြပ်ဖမ်းဆီးရန် ကြိုးပမ်းစဉ် ခင်ပွန်းဖြစ်သူရဲ့ ကားကျိတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ(၁)ရက်နေ့က အသက် ၄၄ နှစ်အရွယ်အမျိုးသမီး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်ကင်မရာ စီစီတီဗီမှ အစအဆုံးဖမ်းယူနိုင်ခဲ့ပါတယ်။
အမျိုးသမီးဟာ အသက်(၄၆)နှစ်အရွယ် ခင်ပွန်းဖြစ်သူ၏ အိမ်ထောင်ရေးဖောက်ပြန်မှုကို ခြေရာခံနိုင်ခဲ့ပြီး ခင်ပွန်းသည်နဲ့အတူ အမျိုးသမီးတစ်ဦးကို မာစီဒီးကားပေါ်တွင် တွေ့ခဲ့ရပြီးနောက် ကားနောက်ကို လိုက်လံကာ ဖြေရှင်းရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။


ဖြည်းဖြည်းခြင်းရွေ့နေသော ကားတံခါးကို ဖွင့်ရန် ကြိုးစားစဉ် ခင်ပွန်းဖြစ်သူက ရိပ်မိသွားပြီး မောင်းပြေးရန် ကြိုးစားခဲ့သည် အမျိုးသမီးက တစ်ခါးကို မလွှတ်ပဲ နောက်က ပြေးလိုက်ခဲ့ရာ ကားက အရှိန်တင်မောင်းခဲ့သည့်အတွက် ကားရှေ့တံခါးတွင် တရွတ်တိုက်ဆွဲပါပြီးနောက် ကားအောက်သို့ရောက်ကာ ကားကျိတ်ခံသေဆုံးခဲ့သည်။


မျက်မြင်သက်သေများက လူနာတင်ယာဉ်ခေါ်ပေးခဲ့သော်လည်း အမျိုးသမီးမှာ သေဆုံးသွားခဲ့သည်။ သူမ၏ ခင်ပွန်းဖြစ်သူ သုတ်ဆေးထုတ်လုပ်သည့် စက်ရုံမှ စီအီးအို က များမကြာမီ ရဲစခန်းတွင်လာရောက် အဖမ်းခံခဲ့သည်။


အဆိုပါဗီဒီယို လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူများ စိတ်နှလုံးကြေကွဲကာ ခင်ပွန်းဖြစ်သူနှင့် အိမ်ထောင်ရေး ဖောက်ပြန်မှုအပေါ် အပြင်းအထန်ဝေဖန်ရှုံ့ချခဲ့ကြသည်။
 



Follow us on