1. Home
  2. Movie Stars - Celebrity

အမျိုးသားတစ်ဦး သရုပ်ဆောင်မေသန်းနု ခြံဝင်းအတွင်း ၀င်ရောက်ကျူးကျော် ဖျက်ဆီးခဲ့

Movie Stars - Celebrity ธ.ค. 04, 2560 view 2,451

ရုပ်ရှင်သရုပ်ဆောင် မေသန်းနု၏ နေအိမ်ဝန်းအတွင်း ဝင်ရောက်ဖျက်ဆီးသည့်အမှုဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က စစ်ဆေးဆောင် ရွက်နေကြောင်း သိရသည်။

ခြံဝင်းတံခါးကို အမျိုးသားတစ်ဦးက ကားဖြင့်တိုက် ဖွင့်ပြီး ခြံဝင်းအတွင်း ရပ်ထားသည့် သူမ၏ Alphard မော်တော်ယာဉ်ကိုထုခွဲခဲ့သည်ဟု ကာယကံရှင် သရုပ်ဆောင်မေသန်းနုကိုယ်တိုင် ဒဂုံမြို့ သစ်(မြောက်ပိုင်းရဲစခန်း)် လာရောက်အမှုဖွင့်ထားကြောင်းသိရပါတယ် ။

 

 နိုဝင်ဘာလ ၃၀ ရက် ည ၁၁ နာရီခွဲဝန်း ကျင်က ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ (၂၇) ရပ်ကွက်၊ ရွှေပင်လုံအိမ်ရာ အပိုင်း (၁)၊ ရွှေနှင်းဆီလမ်းရှိ ရုပ် ရှင်သရုပ်ဆောင် မေသန်းနု(ခ) ဒေါ်သန်းသန်းဆင့် ၏နေအိမ်တံခါးကို အသက် ၅၀ ခန့်အရွယ် အမျိုး သားတစ်ဦးက မာစီဒီးယာဉ်ဖြင့် ဝင်တိုက်ပြီးနောက် နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်၍ သူမစီးနင်း၏ Alphard အဖြူရောင်ယာဉ်ကို ခဲ၊ ပန်းအိုးတို့ဖြင့် ထုရိုက်ဖျက်ဆီးကာ နေအိမ်ထဲ ဝင်ရောက်ရန် ကြံစည်ခဲ့သည်ဟု ကာယကံရှင် သရုပ်ဆောင် မေသန်း နုက ဒီဇင်ဘာလ ၁ ရက် ညနေပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မ ရဲစခန်းသို့ လာရောက် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲ စခန်းက (ပ) ၁၈၁၈/ ၁၇၊ အိမ်ကျော်နင်းမှု ရာဇ သတ်ကြီး ပုဒ်မ ၄၅၀/ အကျိုးဖျက်ဆီးမှုကို ကျူး လွန်မှု ရာဇသတ်ကြီးပုဒ်မ ၄၂၇ ဖြင့်အမှုဖွင့် အရေး ယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဆက် လက်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Credit : Mizzima 



Follow us on