1. Home
  2. Woman To Woman

အမုန်းမှသည်မှာ တစ်ကယ်ရင်ခုန်ခဲ့ရတယ်ဆိုတဲ့ ဇာတ်ဝင်အကြောင်း

Woman To Woman ธ.ค. 01, 2560 view 2,352

လတ်တလော MRTV 4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသလျှက်ရှိပြီး လူကြိုက်များနာမည်ကြီးနေတဲ့ “အမုန်းမှသည်..” ရုပ်သံဇာတ်လမ်းရဲ့ အပိုင်း(၃၀) ဇာတ်ဝင်ခန်းတစ်ခုမှာတော့ ပရိသတ်တွေ မှင်သက်မိသွားစေခဲ့တဲ့ ဇာတ်ဝင်ခန်းလေး တစ်ခန်း ပါခဲ့ပါတယ်။

ဒီဇာတ်ဝင်ခန်းလေး မပြီးဆုံးခင်မှာပဲ ပရိသတ်တွေရဲ့ စိတ်ထဲမှာ ဒွိဟတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့ကိုများ ခုန်ပျံသွားမလားလို့ စိုးရိမ်ပြီး စိတ်လှုပ်ရှားခဲ့ကြပါတယ်။
ဒီလိုပါပဲ ဒီအခန်းမှာပါဝင်သရုပ်ဆောင်ကြရတဲ့ ကျော်ထက်ဇော် (စိုင်းနေရောင်) နဲ့ ကောင်းမြတ်စံ (ကိုးလ်း) တို့နှစ်ဦးကိုယ်တိုင်လည်း ဒီဇာတ်ဝင်ခန်းကို သရုပ်ဆောင်ခဲ့စဉ်က အမှန်တစ်ကယ် ရင်တွေခုန်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။


ဒီအခန်းကို ရိုက်တော့မယ့်အချိန်မှာ ဒါရိုက်တာက အမှန်တစ်ကယ်စိတ်လှုပ်ရှားမှုကို လိုချင်တဲ့အတွက် ဘာဆက်ဖြစ်မယ်ဆိုတာကို ကြိုတင်ညွှန်ကြားခြင်းမရှိပဲ တစ်ဆင့်ခြင်း ဘေးကနေ ပြောတဲ့အတိုင်း သရုပ်ဆောင်ခဲ့ရတာကြောင့် မျက်စိမှိတ်ထားတဲ့ ကောင်းမြတ်စံကလည်း ရင်တွေခုန်နခဲ့သလို မျက်နှာအနားကို တိုးကပ်ရတဲ့ ကျော်ထက်ဇော်ကလည်း အရမ်းတွေ စိတ်လှုပ်ရှားခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်.. ဗီဒီယိုလေးကို ကြည့်ရှုအားပေးပါဦး..။

“အမုန်းမှသည်..” ဇာတ်လမ်းတွဲကို တနင်္လာနေ့မှ သောကြာနေ့ထိ ညစဉ် MRTV 4 ရုပ်သံလိုင်းမှ ၇:၁၅ မိနစ်တွင် ထုတ်လွှင့်ပြသလျှက်ရှိပါသည်။

မကြည့်ရှုလိုက်ရသူများအနေနဲ့ “အမုန်းမှသည်..” ရုပ်သံဇာတ်လမ်းတွဲ အစ/ဆုံးကို popolaytv YouTube စာမျက်နှာ အောက်ပါနေရာတွင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။


>> အမုန်းမှသည် ရုပ်သံဇာတ်လမ်းတွဲ စ/ဆုံး <<

 



Follow us on