1. Home
  2. Good Morning Myanmar

အစိုးရရဲ့ဆောင်ရွက်ချက်တွေအပေါ် နှစ်သက်အားရကြောင်း ပုပ်ရဟန်းမင်းကြီးပြော

Good Morning Myanmar พ.ย. 30, 2560 view 1,712
ကြုံတွေနေရတဲ့ စိန်ခေါ်မူတွေကိုကိုင်တွယ်ဖြေရှင်းရာမှာ အစိုးရ၏ကြိုးပမ်းဆောင်ရွက် များကို နှစ်သက်အားရကြောင်း မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောပါတယ်။မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ ပုဒ်ရဟန်းမင်းကြီး ဖရန်စစ်က အစိုးရရဲ့ဆောင်ရွက်ချက်တွေနဲ့ပက်သက်ပြီး နိုဝင်ဘာလ၂၈ရက်က နေပြည်တော်မှာရှိတဲ့ မြန်မာ အပြည်ပြည် ဆိုင်ရာကွန်ဗစ်ရှင်းဗဟိုဌာန MICC-2မှာပြုလုပ်ခဲ့တဲ့ မိန့်ခွန်းပြောကြားခဲ့တဲ့ အခမ်းအနားမှာ ထည့်သွင်းပြောကြား ခဲ့တာပါ။
 
ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မြန်မာနိုင်ငံကိုလာရောက်ရာမှာ လူနည်းစုဖြစ်တဲ့ ကက်သလစ် ခရစ်ယန်ဘာသာဝင်တွေနဲ့ဆုတောင်းဖိုနဲ့သူတို့ရဲ့ယုံကြည်မူတွေတည်တံ့ခိုင်မြဲစေရန်နဲ့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးစားအားထုတ်မူတွေအပေါ် ခွန်းအားဖြည့်ပေးတဲ့အနေနဲ့ လာရောက်တာလို့ ဖရန်စစ်က မိန့်ခွန်းထဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့မိန့်ခွန်းပြောကြားတဲ့ အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ဒုတိယ၀န်ကြီးတွေ၊နိုင်ငံတကာသံမတန်တွေ၊ကက်သလစ်ဘာသာဝင်တွေအပါအ၀င် ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကျတာပါ။
 
အဆိုပါအခမ်းအနားမှာ ပုဒ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့အတူ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လဲ မိန့်ခွန်းပြောကြား ခဲ့ပါတယ်။ ပုဒ်ရဟန်းမင်းကြီး ဖရန်စစ်အနေနဲ့ မြန်မာနိုင်ငံကို နိုဝင်ဘာလ၂၇ရက်က ရန်ကုန်မြို့ကို စတင်ရောက်ရှိခဲ့ကာ အဲ့ဒီနေ့မှာပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က လာရောက်တွေဆုံခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် နိုဝင်ဘာလ ၂၈ရက်နေ့မှာတော့ နေပြည်တော်ကိုလာရောက်ခဲ့ကာ နိုင်ငံတော်သမ္မတဥိးထင်ကျော်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာ မိန့်ခွန်း ပြောကြားခဲ့တာပါ။ဒါ့အပြင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် လူထုပရိသတ်နှင့် မစ္ဆားပူဇော်ဝတ်ပြုဆုတောင်းခြင်း၊ ကမ္ဘာအေး သံဃာ့ဗဟိုဌာန၌ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့နှင့် သွားရောက် တွေ့ဆုံခြင်း၊ စိန့်မေရီဘုရားကျောင်းတွင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီး များနှင့် တွေ့ဆုံ ခြင်းများ ဆောင်ရွက်ပြီး နိုဝင်ဘာ ၃၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
 
 
https://www.facebook.com/GoodMorningMyanmarLive/videos/2164900360202749/


Follow us on