1. Home
  2. Special or Others

ပြောင်းလဲလာမည့် ယာဉ်စည်းကမ်း ဥပဒေသစ်အတွက် အွန်လိုင်းပေါ်တွင် ဝေဖန်မှုပြင်းထန်နေ

Special or Others พ.ย. 29, 2560 view 2,958

လူမှုကွန်ယက် အွန်လိုင်းပေါ်တွင် မော်တော်ယာဉ်နဲ့ ပက်သက်သော သတင်းများ၊ အခြေနေများကို အမြဲမပြတ် ရေးသားနေပြီး ဖော်လိုဝါ ၅ သိန်းကျော်ရှိထားသော “ကိုအရည်ကြို” ၏ စာမျက်နှာထက်တွင် ပြန်လည်မျှဝေထားသော မော်တော်ယာဉ် လမ်းစည်းကမ်းနဲ့ပက်သက်ပြီး ရှေ့လကာ စတင်ကာ အရေးယူမည့် ပုံစံသစ်ကြောင့် ဝင်ရောက်ရေးသား ဝေဖန်မှုများ များပြားလျှက်ရှိသည်။


မူရင်းအတိုင်း ပြန်လည်ဖော်ပြအပ်ပါသည်။


မိတ်​​ဆွေများ ​ရှေ့လတစ်​ရက်​​နေ့ကစလို့ ယာဉ်​စည်းကမ်း၊လမ်းစည်းကမ်းများမချိုး​ဖောက်​မိ​အောင်​သတိပြုကြပါ။
ယာဉ်​ထိန်းရဲဖမ်းတာလဲ မခံကြရပါ​စေနဲ့ဗျာ။
အရင်​တုန်းက လိုင်​စင်​သိမ်း ၊ သုံးရက်​ခွာချိန်း၊ ကိုယ်​အားတဲ့​နေ့ ယာဉ်​ထိန်းရုံးသွား ၊ စာရွက်​​လေးပြ ၊ တရားရုံးသွားဒဏ်​​ငွေ​ဆောင်​ ၊ လိုင်​စင်​ယူပြီးပြန်​​ရုံပါပဲ။
ဒါ​တောင်​လူများတဲ့အခါ တန်းစီ​စောင့်ရင်း​ တစ်​​နေကုန်​တတ်​ပါတယ်​။
ရှေ့လကစပြီး အဖမ်းခံရပြီဆိုတာနဲ့ လူ​ရော ၊ ယာဉ်​​ရော ရဲစခန်းကိုတပါတည်းဖမ်းခေါ်သွားပါလိမ့်မယ်​။
နီးစပ်​ရာရဲစခန်းမှာ စခန်းမှူးက အမှုဖွင့်ပြီး ယာဉ်​နဲ့ လူကို​ခေတ္တထိန်းသိမ်းထားကာ လိုအပ်​သမျှစစ်​​မေးပါလိမ့်မယ်​။
ရုံးဖွင့်ရက်​လဲဖြစ်​မယ်​ ၊ ရုံးချိန်​အတွင်းလဲ ဖြစ်​မယ်​ဆိုရင်​ သက်​ဆိုင်​ရာတရားရုံးကို တရားစွဲတင်​ပို့ပါလိမ့်မယ်​။
အကယ်​၍ကံမ​ကောင်းစွာနဲ့ ရုံးချိန်​မမီ ၊ ရုံးပိတ်​ရက်​ဖြစ်​​နေတာတို့နဲ့ကြုံ​နေရင်​​တော့ အာမခံ​လျှောက်​ပြီး ​စောင့်နေ​ပေ​တော့။
နယ်​ကလူ​တွေများ မြို့​ပေါ်လာအဖမ်းခံရလို့က​တော့ မလွယ်​​ကြောပဲ။
သက်​​သေခံပစ္စည်းအ​နေနဲ့ ယာဉ်​ကသိမ်းထားမှာ ၊ လူကိုလဲ အပြင်​မှာသွားစရာရှိတာသွားလို့ရ​အောင်​ အာမခံ​လေးနဲ့လုပ်​ရအုံးမှာ ၊ တရားရုံး​တော်​ဖွင့်တဲ့အထိ ဒုက္ခခံ​စောင့်ပေ​ရော့ပဲ။
ဘုရားဖူးလာတဲ့ကားတို့ ၊ ပုပ်​သိုးလွယ်​တဲ့ကုန်​ပစ္စည်း​တွေတင်​လာတဲ့ကားတို့ဆိုရင်​ ဒုက္ခပိုကြီးသွားပြီ။
ရဲစခန်းက ရဲ​တွေခမျာလည်း သူတို့ပုံမှန်​အလုပ်​​တွေနဲ့တင်​ လူအင်အားမ​​လောက်​တာ ဒီလိုကိစ္စမျိုး​တွေတိုးလာရင်​ ဘယ့်နှယ့်လုပ်​ပြီး ​ဆောင်​ရွက်​ကြရမယ်​မသိ။
သေချာတာက​တော့ ဖမ်းတဲ့သူ​တွေ​ရော ၊ အဖမ်းခံကြရသူ​တွေပါ အဆင်​မ​ပြေကြပဲအထစ်​အ​ငေါ့​တွေကြုံကြရမယ့်ကိစ္စတစ်​ခုကို ​မော်​​တော်​ယာဉ်​ဥပ​ဒေပြင်​ဆင်​လို့မပြီးခင်​မှာ ပြည်​​ထောင်​စုတရားလွှတ်​​တော်​ချုပ်​က​နေ ​ပြဋ္ဌာန်းလိုက်​ပြီဆိုတာပါပဲ။
ဒါ​ကြောင့် ​ရှေ့လ ၁ ရက်​​နေ့က​နေစပြီး ယာဉ်​စည်းကမ်း၊လမ်းစည်းကမ်းများ မချိုး​ဖောက်​မိကြ​အောင်​ဂရုစိုက်​ကြပါ။
ယာဉ်​ထိန်းရဲဖမ်းတာမခံကြရပါ​စေနဲ့။


Credit, Ye Lwin Tun

 



Follow us on