ရုပ်ရှင်နှင့် စီးပွားရေးကြော်ငြာများအတွက် မကြာခဏ ပါဝင်ရိုက်ကူးရသည့် နံမည်ကျော် ဆင်တစ်ကောင်က ပိုင်ရှင်ဖြစ်သူ ဆင်ဦးစီးကို အစွယ်ဖြင့် ထိုးသတ်ခဲ့မှုတစ်ခု နိုဝင်ဘာ ၂၇ ရက်က ထိုင်းနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တိရိစ္ဆာန်ရုံတွင် တနင်္လာနေ့ နံနက်ပိုင်းက ဆင်ဦးစီးဖြစ်သူ Somsak Riengngen က သူ၏ဆင်ဖြစ်သော အလေးချိန် ၅ တန်ခန့်ရှိသည့်ဆင် Ekasit ကို သံကြိုးဖြည်ပေးခဲ့စဉ် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။
သံကြိုးဖြည်ပေးခဲ့ပြီးနောက် ဆင်ကရှေ့သို့ တစ်လှမ်းနှစ်လှမ်း သွားပြီကာမှ နောက်သို့ ပြန်လှည့်လာကာ ဆင်ဦးစီးကို အစွယ်နဲ့ကော်ယူကာ ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ချင်းမိုင်တိရိစ္ဆာန်ရုံမှ နည်းပြဒါရိုက်တာ Wuthichai Muangman က AFP သတင်းဌါနကို ပြောကြားခဲ့သည်။
သေဆုံးခဲ့သူ ဆင်ဦးစီး Somsak က ဆင်နဲ့ပက်သက်သော ကျွမ်းကျင်ပညာရှင်ဖြစ်သော်လည်း မတော်တဆမှုဖြစ်ပွားစဉ်က ဆင်မှာ အလွန်မှုံယိုနေသော အခြေနေရှိကြောင်း သိရှိရသည်။
ဆင်များကို ခရီးသွားလုပ်ငန်းများထဲသို့ ဇွတ်အတင်းသွပ်သွင်းရာတွင် ထိုင်နိုင်ငံမှ နာမည်ဆိုထွက်လျှက်ရှိသည်။
ကမ္ဘာတိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့ကြီး၏ ဇူလိုင်လ အစီရင်ခံစာအရ အာရှတိုက်တွင် အခိုင်းခံနေရသော ဆင်အကောင်ရေ ၂,၉၂၃ ကောင် ရှိသည့်အနက် ၂၁၉၈ မှာ ထိုင်နိုင်ငံတွင်ဖြစ်ကြောင်း သိရှိရသည်။