1. Home
  2. Special or Others

အိမ်လိုက်ခဲ့ရင် အဆင့်တစ်ပေးမယ်လို့ မြူဆွယ်တဲ့ဆရာမ ထောင်ဒဏ် နှစ် ၄၀ ကျခံရဖွယ်ရှိ

Special or Others พ.ย. 22, 2560 view 2,875

ကိုလံဘီယာနိုင်ငံက အထက်တန်းပြကျောင်းဆရာမတစ်ဦးဟာ သူမရဲ့ ကျောင်းသားဖြစ်သူကို ဆရာမနဲ့အတူအိပ်ရင် အဆင့်ကောင်းကောင်းရမယ်၊ မဟုတ်ရင်တော့ စာမေးပွဲချပစ်မယ်ဟု မြူဆွယ်ခြိမ်းခြောက်မှုနဲ့ တရားစွဲခံနေရပါတယ်။


ကိုလံဘီယာနိုင်ငံ Medellin မြို့မှာရှိတဲ့ အမည်ဖော်ပြထားခြင်းမရှိတဲ့ အထက်တန်းကျောင်း တစ်ကျောင်းမှာ ဆရာမအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အသက် ၄၀ နှစ်အရွယ် Yokasta M ဆိုသူဟာ ကျောင်းသား အတော်များများဆီကို လူမှုကွန်ယက်ကနေတစ်ဆင့် မသင့်တော်တဲ့ ဓါတ်ပုံတွေပေးပို့ခဲ့ပြီး သူမနဲ့ လိုက်အိပ်ရန်ဖိတ်ခေါ်ခဲ့ပါတယ်။


အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်ကြား ကျောင်းသားအချို့ကို သူမနဲ့ လိုက်မအိပ်ပါက စာမေးပွဲချပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပါတယ်။ Yokasta ဟာ ကျောင်းသားအချို့ကို သွေးဆောင် ဖြားယောင်းကာ အိမ်ခေါ်သွားခဲ့ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။


ကျောင်းမှတ်တမ်းတွေကနေတစ်ဆင့် ကျောင်းသားတွေရဲ့ လက်ကိုင်ဖုန်းနံပါတ်ကိုရပြီး ဖုန်းနံပါတ်ကနေ လူမှုကွန်ယက်အကောင့်တွေကို ရှာဖွေပြီး ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။ အစပိုင်းမှာတော့ ကျောင်းစာတွေအတွက် အကူညီပေးမယ်ပြောပြီး နောက်ပိုင်းမှာ WhatsApp အပလီကေးရှင်းကနေတစ်ဆင့် အမြင်မသင့်တော်တဲ့ ကိုယ်တစ်ပိုင်းပုံတွေ၊ အတွင်းခံနဲ့ပုံတွေကို ကျောင်းသားတွေဆီ ပေးပို့ခဲ့ပါတယ်။


နောက်ဆုံးမှာတော့ သူမရဲ့ သားကောင်ဖြစ်ခဲ့ဖူးတဲ့ ကျောင်းသားဖြစ်သူရဲ့ ဖခင်က သူ့သားရဲ့ဖုန်းကို စစ်ဆေးကြည့်ရာမှ သိရှိသွားခဲ့ပြီး တိုင်ကြားခဲ့သဖြင့် Yokasta ကို ချက်ခြင်းဆိုသလို ဖမ်းဆီးခဲ့ကြပါတယ်။

သူမဟာ အိမ်ထောင်ရှိခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာ ခင်ပွန်းသည်နဲ့ ကွာရှင်းခွင့်ကို ရုံးတော်မှာ လျှောက်ထားဆဲ ဖြစ်ပါတယ်။ သူမရဲ့ ပြစ်မှုအတွက် တရားရင်ဆိုင်နေရပြီး ထောင်ဒဏ် နှစ် ၄၀ ကျခံရဖွယ်ရှိကြောင်း သိရှိရသည်။
 



Follow us on