1. Home
  2. Movie Stars - Celebrity

စိတ်ကြီးဝင်နေတဲ့မိန်းမ ရုပ်ရှင်ကားကြီး ရိုက်ကူးရင်း ဇာတ်ဝင်ခန်းမှာမပါတဲ့ ရိုင်းရိုင်းစိုင်းစိုင်းတွေ အပြောခံလိုက်ရတဲ့ မေပန်းချီ

Movie Stars - Celebrity พ.ย. 22, 2560 view 2,631

ရုပ်ရှင်ဇာတ်ကား ရိုက်နေ ရင်း ဇာတ်ဝင်ခန်းမှာ မပါတဲ့ စကားတွေ နဲ့ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောတာ ခံလိုက်ရတယ် ဆိုပြိး မေပန်းချီက သူမ အကောင့်မှာ ရင်ဖွင့်ထားပါတယ် ။

“အနုပညာလုပ်ခဲ့ပြီးရုပ်ရှင်ရိုက်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ.......
ဇာတ်ဝင်ခန်းအရ ဒိုင်ယာလော့တွေကြမ်းကြမ်းတမ်းတမ်းပြောရမယ်ဆိုရင်,,,
ကိုယ်နဲ့တူတူပါဝင်သရုပ်ဆောင်တဲ့သူဘယ်သူဘဲဖြစ်ဖြစ်
ကြီးသူဖြစ်စေ ငယ်သူဖြစ်စေ
Sorry ဒါမှမဟုတ် ကန်တော့ပါနော်လို့
တောင်းပန်ပြီးမှရိုက်လေ့ရှိပါတယ်
အခုကျတော့ ဒါရိုက်တာကလည်းအဲ့ဒိုင်ယာလော့ မသင်ထားဘူး ဇာတ်ဝင်ခန်းထဲမှာလဲမပါဘူး ပြောလိုက်တာ တလဆက် ဘယ်နားဘယ်လိုဝင်ပြီးပြောပြီး ,,,
အိုက်တင်လုပ်ရမှန်းမသိ ပြောလိုက်တာလဲ
ကြမ်းကြမ်းတမ်းတမ်း ရိုင်းစိုင်းလိုက်တာ
မလိုအပ်တာတွေပါထည့်ပြောတယ်

သူတောင်စား တွေရော ဝက်မတွေပါမကျန်  ငါးစိမ်းတန်းထဲရောက်သွားသလိုဘဲ
ချေတာလဲချေပေါ့ညီမလေးရယ် ချစ်ဖို့ကောင်းအောင်ချေပါ

အိုက်တင်ကောင်းတာထက်ရိုင်းတယ်ဆိုတဲ့
ခေါင်းစဉ်ကိုအတပ်မခံရပါစေနဲ့

အမတို့ကအနုပညာ လုပ်ပိုင်ခွင့်က
ဇာတ်ကားတစ်ကားမှာချပြခွင့်နည်းပါတယ်

ရတဲ့အခွင့်ရေးကိုတော့အပြည့်အဝလုပ်

ပါရစေ
ညီမလေးကအောင်မြင်ပြီးသားပါ ညီမလေးနဲ့ယှဉ်ပြောပြိုင်ပြောရင်လဲ အစ်မတို့ပဲ လူမုန်းများမှာပေါ့ ညီမလေးရယ် 
ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ 
အစ်မတို့လဲပြောတတ်ပါတယ် ဒါမဲ့မရိုင်းပါရစေနဲ့  အစ်မတို့ကဘာမှမဟုတ်ဘူးလေ 

ခေါက်ရိုးကျိုးနေတဲ့ ရုပ်ရှင်လောက” ဆိုပြီး ရေးသားခဲ့ပါတယ် ။

မေပန်းချီ ဟာ လက်တလောမှာ စိတ်ကြိးဝင်နေတဲ့မိန်းမ ရုပ်ရှင်ကားကြီးကို မြတ်သူကျော် ၊ ရွှေမှုန်ရတီ တို့ နဲ့ အတူ ရိုက်ကူးနေပါတယ် ။ မေပန်းချီ ကို ပြောလိုက်တာ ဘယ်သူများ ဖြစ်မလဲ ။ 



Follow us on