1. Home
  2. Boxing

ဒီပွဲအတွက် အေးဆေးပဲလို့ ပြောလိုက်တဲ့ အောင်လအန်ဆန်း

Boxing ต.ค. 31, 2560 view 1,819

ကချင်လူမျိုး သိုင်းပေါင်းစုံ MMA ကမ္ဘာ့မစ်ဒယ်လ်ဝိတ်တန်း ချံပီယံအောင်လအန်ဆန်းက လာမယ့် နိုဝင်ဘာလ (၃)ရက်နေ့ ပွဲစဉ်အတွက် “အေးဆေးပါပဲ” လို့ သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်ကနေ ပရိသတ်ကြီးကို အသိပေးပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ကြိုးစားအားထုတ် လေ့ကျင့်နေပုံများကိုလည်း ဓါတ်ပုံများနဲ့ ဖော်ပြထားပါတယ်။


ပရိသတ်ကြီးတို့ရေ…
နိုဝင်ဘာလ ၃ ရက်နေ့ပွဲအတွက် ကျွန်တော့်ကိုစိတ်ပူနေကြမယ်ဆိုတာသိပါတယ်…
ကျွန်တော်လည်း သေချာကြိုးစားပြီး လေ့ကျင့်နေပါတယ်ဗျာ…
ဒါကြောင့်မို့ ဒီပွဲအတွက် အေးဆေးပဲ…


နိုဝင်ဘာလ (၃) ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီးထဲတွင် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး။ အဓိကတွဲဆိုင်းအဖြစ် အောင်လအန်ဆန်းနှင့် ဟောင်ကောင်နိုင်ငံသား အလိန်းနဂါလာနီ တို့ဖြစ်ပါတယ်။

လက်မှတ်များကို အောက်ပါလိပ်စာတွင် ဆက်သွယ်ဝယ်ယူနိုင်ကြပါပြီ။

My AsiaTicket Office
အခန်း (၇၀၃)၊ အေးရိပ်သာ (၁)လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ရွှေသံလွင်ကွန်ဒို၊ ဗဟန်းမြို့နယ်။
ဖုန်း - ၀၁ ၅၄ ၉၂ ၉၇
ဖုန်း - ၀၁ ၅၅ ၆၈ ၁၇

 



Follow us on