အိန္ဒိယနိုင်ငံတွင် အသက် ၄၃ နှစ်အရွယ်အမျိုးသမီးတစ်ဦး မိသားစုနဲ့ စကားများပြီး အိမ်မှထွက်လာခဲ့ရာ လမ်းတွင် အမူးသမားတစ်ယောက်က လူသွားလမ်းမပေါ်တွင် နေ့အလင်းရောင်အောက်၌ မုဒိန်းကျင့်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါလမ်းသည် လူသွားလူလာများသော နေရာတစ်ခုဖြစ်ပြီး အခင်းဖြစ်ချိန်တွင် သွားလာနေသူများက မတားစီးပဲ အဖြစ်ပျက်ကို လက်ပိုက်ကြည့်နေခဲ့ကြသည်၊ ထိုထက်ပိုဆိုးသည်ကား သူတို့၏ လက်ကိုင်ဖုန်းများနဲ့ ဗီဒီယိုဝိုင်းရိုက်ခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေံ နေ့လည် ၂ နာရီခန့်အချိန်၊ Visakhapatnam ဘူတာရုံအနီး ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူမှာ ၂၃ နှစ်အရွယ် ကုန်တင်ကား သန့်ရှင်းရေးလုပ်သူ G Shiva ကို ဖမ်းဆီးခဲ့သည်။
အိန္ဒိယသတင်းစာတစ်စောင်၏ အဆိုအရ အမျိုးသမီးက အော်ဟစ်အကူညီတောင်းခဲ့သော်လည်း ပတ်ဝန်းကျင်မှလူများ ဝင်ရောက်တာဆီးမည့်သူမရှိပဲ ဖုန်းဖြင့် ဗီဒီယိုရိုက်နေခဲ့ကြကြောင်း ဖော်ပြခဲ့သည်။
“အမျိုးသမီးကို ကြည့်ရတာ အရမ်းအားနည်းနေပြီး နာရီပေါင်းအတော်ကြာအစားမစားရပုံရတယ်၊ အရိပ်ရတဲ့ သစ်ပင်အောက်မှာ အားပြတ်ပြီး အိပ်ပျော်နေတုန်း အမူးသမားက မုဒိန်းဝင်ကျင့်တာပါ၊ ဒါကို ဝင်တာမယ့်သူတစ်ယောက်မှမရှိတာ ဒေါသဖြစ်စရာကောင်းတယ်” ဟု ရဲအရာရှိ K Suresh က ပြောကြားခဲ့ပါတယ်။
comment