1. Home
  2. Movie Stars - Celebrity

မင်းသားတစ်ယောက်က ငြင်းလိုက်လို့ ၀မ်းနည်းနေတဲ့ ရွှေပိုးအိမ်

Movie Stars - Celebrity ก.ย. 22, 2560 view 3,230

ရွှေပိုးအိမ်ဟာ ၀ါသနာအရ သရုပ်ဆောင်ပြိုင်ပွဲတွေဝင်ပြိုင်ပြီး အနုပညာလောကထဲကို ၀င်ရောက် လာသူဖြစ်ပါတယ်။သူမမှာအနုပညာမျိုးရိုးမရှိသလို အနုပညာလောကထဲကို ဆွဲခေါ်ပေးမယ့်သူလဲ မရှိပါဘူး ဒါပေမယ့် သူမ ကြိုးစားနေပါတယ် တခါတလေတော့လဲ စိတ်ဓါတ်ကျစေတဲ့ ကိစ္စတွေရှိပါတယ်။

လာမယ့်ရက်ပိုင်းအတွင်းမှာ မဂ္ဂဇင်း အတွက် စုံတွဲပုံရိုက်ကူးဖို့ရှိပါတယ်။ စုံတွဲရိုက်ရမယ့် မင်းသားက နာမည်မကြီးတဲ့မင်းသမီးနဲ့ မရိုက်ချင်ဘူးဆိုပြီး ငြင်းခံလိုက်ရပါတယ်။အဲ့လိုငြင်းခံရတာကို သူမ ဖေ့စ်ဘုတ် မှတစ်ဆင့် Live လွှင့်ကာပရိတ်သတ်တွေကို ရင်ဖွင့်ရင်း ငိုခဲ့ပါတယ်။

သူမ လိုမအောင်မြင်သေးတဲ့ သူအတွက် နေရရဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်။သူမကိုအားပေးနေတဲ့ ပရိတ်သတ်တွေကြောင့်သာ သူမအလုပ်တွေ ဆက်လုပ်ဖြစ်နေတာပါ။သူမဆက်ပြီးကြိုးစားသွားပါအုံးမယ်တဲ့။သူမငြင်းလိုက်တဲ့သူကိုတော့ နာမည်မဖေါ်ပြလိုပါဘူးတဲ့ နာမည်နှစ်လုံးနဲ့ အဆိုတော်မင်းသား တစ်ယောက်လို့ဘဲ သိထားပေးပါဆိုပြီး ပြောသွားခဲ့ ပါတယ် ။

Credit:shwe poe eain 



Follow us on