1. Home
  2. Woman To Woman

ခြေထောက်လေးတွေ လှအောင်ဖန်တီးမှုများ

Woman To Woman มิ.ย. 10, 2558 view 1,850

ခြေထောက်လေးတွေဟာ နေ့စဉ် လမ်းလျှောက်နေရတဲ့အတွက် မလှတာတ၊ို့ညစ်ပတ်နေတာတို့ ၊မဲညစ်နေတာတို့ တွေ ဖြစ်တက်ပါတယ် အထူးသဖြင့် ခရီးက ပြန်လာတဲ့အခါမှာ ပိုပြီး ဖြစ်တတ်ပါတယ်။အိမ်မှာသန့်စင်လို့ ရပေမဲ့ တစ်ချို့ ပျိုမေလေးတွေက ခြေထောက်လေးတွေ ကို ဆိုင်မှာသေချာသွားသန့်စင်ကြပါတယ် ။ အိမ်မှာ သန့်စင်တာထက် ဆိုင်ရဲ့ သေချာသန့်စင်မှုကို ပိုပြိး လုပ်ပေးသင့်ပါတယ်။ ဆိုင်တွေကခြေထောက်သန့်စင် မှုကိုအဆင့်ဆင့်ပြုလုပ်ပေးလို့ဖြစ်ပါတယ် ။

ပထမဆုံး အနေနဲ့ဆပ်ပြာရည် နဲ့သေချာဆေးကြောမယ် နောက်ပြီး အမာရွတ်လူးတဲ့ဆေးတွေကိုလူးပြီးတော့ brush အပျော့စားနဲ့ ခြေဖ၀ါးတွေခြေချောင်းကြားလေးတွေကိုသေချာပွတ်တိုက်ပေးပါတယ် ။ခြေသည်းတွေကိုလဲ ညှပ်ပေးပါသေးတယ် ခြေသည်းကြားက ဂျီးတွေခြေသည်း ခွံပေါ်ကဂျီးတွေကိုလဲသေချာသန့်စင်ပေးပါတယ် ဒီလိုသန့်စင်ပေးတာဟာ ကိုယ်ကိုတိုင်သန့်စင်တာနဲ့မတူပါဘူးကိုယ်တိုင်မမြင်ရတဲ့နေရာလေးတွေပါပိုသန့်စင်ပါတယ်။ခြေထောက်လေးတွေကို ဆေးစိမ်ပြီး နှိပ်နှယ်ပေးတာကိုလဲ လုပ်ပေးသင့်ပါတယ် ခြေထောက်ဆေးစိမ်ခြင်းဟာ အခိုးတွေကိုလဲ ထွက်စေနိုင်ပါတယ် လေလဲမဖြတ်နိုင်တော့ပါဘူးသွေးလည်ပတ်မှုလည်းအားကာင်းမွန်စေပါတယ်ဒါကြောင့် အသက်အရွယ်ကြီးတဲ့သူတွေ ပိုပြီး လုပ်ပေးသင့်ပါတယ်။

     ခြေထောက်ဆေးစိမ်ရင် ခြေထောက်ကို အရင်ဆုံးဆပ်ပြာရည်နဲ့သေချာဆေးကြောပြီးအမာရွတ်လူးတဲ့ဆေးနဲ့ brush အပျော့စားနဲ့တိုက်ပီးအရင်သန့်စင်ပေးပါတယ်။နောက်ပြီးဂျေးချွတ်သန့်စင်ပြီးတဲ့အခါရေနွေးရယ် ဆားရယ် တရုပ်ဆေးမြစ်စုံရောထားတဲ့ဆေးရည်ထဲမှာခြေထောက်ကို မိနစ် ၂၀ ခန့်လောက်စိမ်ပြီး ရင်ဆေးပရုတ်ဆီတွေ cooling food messagecream တွေနဲ့လိမ်းပြီးနှိပ်နှယ်ပေးမယ် ပေါင်ရင်းတွေ ဒူးခေါင်းတွေ ခြေဖ၀ါးပြင်တလျှောက်လုံးကိုစနစ်တကျနှိပ်နယ်ပေးပါတယ် ထို့ကြောင့် အညောင်းအညာပြေပါတယ်။ခြေထောက်တွေကိုနောက်တနည်းအနေနဲ့ ဂျယ်လီစိမ်ပေးလို့လဲ ရပါတယ် ။အရင်ဦးဆုံး ဂျီးချွတ်ပေးရပါမယ်လျှပ်စစ်ဆေးစိမ်တဲ့ဇလုံထဲမှာထည့်ပြီးဂျယ်လီစိမ်ပေးရပါမယ် ဂျယ်လီတွေနဲ့လဲပွတ်တိုက်ပြီးတော့ whitening cream တွေနဲ့လဲလိမ်းပြီးနှိပ်နယ်ပေးပါတယ်။ဒီလိုလုပ်ခြင်းဖြင့် ခြေထောက်လေးတွေမဲညစ်နေရင်တောင်ပြန်လည်ဖြူဖွေးလာနိုင်ပါတယ် ။ထို့ကြောင့် ဆိုင်မှာပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေပြုလုပ်ပြီး ခြေထောက်လေးတွေလှပနိုင်ပါစေ။

 


Follow us on