အာလူးကြော်လို့ ဆိုလိုက်လျှင် လူတိုင်းကြားဖူးကြသလို စားဖူးကြမှာလဲ အသေအချာပင် ဖြစ်ပါတယ်။ အာလူးကြော်တွေ အမျိုးမျိုးရှိတဲ့အထဲက မစ္စတာပိုတေးတိုး တို့လို အလွှာပါးပါး အရသာစုံအာလူးကြော်လေးတွေဟာ ကမ္ဘာတစ်ဝှမ်း လူသိများကျော်ကြားတဲ့ အမေရိကန်အစားအစာ အားလူးကြော်တစ်မျိုးဖြစ်ပါတယ်။
သာမန်အငံအရသာ၊ ဘာဘီကျူးပုံစံ၊ ချိစ်အရသာ၊ အချဉ်အရသာ၊ ကြက်သွန်နီရသာ စသည်ဖြင့် အခုနောက်ပိုင်းမှာ ကုမ္ပဏီတွေက ပုံစံမျိုးစုံ ဆန်းသစ်တည်ထွင်ခဲ့ကြပေမယ့် ဒီလိုအားလူးချပ်ကြော်လေးတွေကို ဘယ်သူက ဘယ်လိုကြောင့် စတင်ဖြစ်လာသလဲဆိုတဲ့ နောက်ကွယ်က ဇာတ်လမ်းလေးကိုတော့ သိရှိသူနည်းပါးခဲ့ပါတယ်။
၁၈၅၃ခုနှစ်ခန့်က စာဖိုမှူးကြီးဂျော့်စပက်ခ်နှင့် သူ့၏ ဖောက်သည်ဗိုလီယာ တို့၏ မမျှော်လင့်သော ဖြစ်ရပ်လေးတစ်ခုမှ အစပြုကာ အာလူးကြော် စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ စပက်ခ်ကို ဂျွန် ၁၅ ရက်၊ ၁၈၂၄ ခု နှစ် စာရာတိုဂါ၊ နယူးယောက်ခ်တွင် မွေးဖွားခဲ့သည်။ သူသည် ငယ်စဉ်က အချက်အပြုတ်ဝါသနာပါသည့်အ လျှောက် အစားအသောက်အသစ်အဆန်းများကို သူ့၏ မီးဖိုချောင်ထဲတွင် ဖန်တီးလေ့ရှိသည်။
တစ်နေ့တွင် သူ့၏ဖောက်သည် ဗိုလီယာမှ အာလူးကြော်များမှာ အလွန်ထူကြောင်း၊ ပိုပြီး ပါးပါးလှီးရန် မကြာခဏတောင်းဆို သဖြင့် စပက်ခ်က မကျေနပ်သဖြင့် တမင်အရွဲ့တိုက်ကာ အာလူးကို အပါးဆုံးလှီးပြီး ဒယ်အိုးထဲတွင် ဆီပူဖြင့် ထည့်ကြော်ပြီ: ဆားများများ ဖြူးပေးလိုက်လေသည်။ ထို့နောက် ဗိုလီယာအား ကျွေးကြည့်ရာ လွန်စွာနှစ်ခြိုက်သွားခဲ့ရာမှ အားလူးချပ်ပြားကြော်လေးတွေ စတင်ခဲ့ကြောင်း ပြောစမတ်ပြုကြလေသည်။
အခြားဇာတ်လမ်းတစ်ခုမှာမူ ကတ်သရင်းဝခ် ဟုခေါ်သော အမျိုးသမီးမှ စတင်ခဲ့ကြောင်း ပြောစမတ်ပြုလေသည်။ သူမသည် အာလူးများကိုလှီးနေစဉ် အာလူးအလွှာပါးလေးတစ်ချပ် ဒယ်အိုးထဲသို့ကျသွားရာမှ ဖြစ်လာကြောင်း သူမ၏အဘွားဖြစ်သူ ဂျွန်ဂေးဘတ်လ် ဖရီးမန်းမှ ဆာရာတိုဂီရန် သတင်းတိုက်သို့ပြောကြားခဲ့ပါသည်။
မတူညီသော ဇာတ်လမ်းများရှိစေကာမူ စပက်ခ်သည်သာ ပထမဆုံးအာလူးကြော်ကို တီထွင်သူဖြစ်ကြောင်း လူအများက သတ်မှတ်ခဲ့ကြသည်။ သူ၏အာလူးကြော်မှာ ဆာရာတိုဂီ၏ နွေဦးရာသီကို လာရောက်လည်ပတ်သူများအကြား ရေပန်းအစားဆုံးဟု ပြောစမတ်တင်ခဲ့ပါသည်။ သူသည် အာလူးကြော်လုပ်ငန်းကို ၁၈၉၀ ပတ်ဝန်းကျင် မတိုင်မီအထိ ကြိုးစားလုပ်ကိုင်ခဲ့ပြီးနောက် ၁၉၁၄ ခုနှစ် အသက် ၉၀ အရွယ်တွင် ကွယ်လွန်ခဲ့သည်။
ကျွန်တော်တို့ အပျင်းပြေ စားသုံးလေ့ရှိသော အားလူးချပ်ပြားကြော်လေးမှာ အမေရိကန်နိုင်ငံက စပက်ခ် ဆိုသော အဘိုးကြီးကြောင့် ဆိုပါလျှင် ငါလူးငါးပေါင်းကြော်၊ အာလူးကတ်တလိတ် စသည်တို့ကို ဘယ်သူက စထွင်ခဲ့သလဲဆိုတာ စုံစမ်းရန် မသင့်ပါသလား..။