1. Home
  2. Myanmar News

စားပွဲထိုးလုပ်နေရသည့် ရွှေခါးပတ်ချံပီဟောင်းကို လက်ဝှေ့လောကသားများ ဖေးကူ

Myanmar News ส.ค. 01, 2560 view 2,055

တစ်ချိန်က လက်ဝှေ့လောကတွင် ရွှေခါးပတ်ချံပီယံဖြစ်ခဲ့ဖူးသော ချံပီယံဟောင်း စောသဲမျိုးတစ်ယောက် စာဝတ်နေရေးအတွက် ရနကုန်တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ဘုံးဘုံ စာသောက်ဆိုင်တွင် စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်နေရသည်။


သြဂုတ်လ (၁)ရက်နေ့တွင် မြန့်မာ့ရိုးရာလက်ဝှေ့ချံပီယံ ထွန်းထွန်းမင်းနှင့် ချန်ပီယံဟောင်း စောငမန်းတို့အဖွဲ့က ဘုံးဘုံစာသောက်ဆိုင်သို့ သွားရောက်ကာ စောသဲမျိုးကို တွေ့ဆုံခဲ့ပြီး လိုအပ်သော ထောက်ပံ့ကူညီမှုများပေးအပ်ကာ လက်ဝှေ့လောကသို့ ပြန်လာရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

အခက်ခဲတွေ့စဉ် ကူညီထားသော ကျေးဇူးရှင်အား ဂါရဝပြု

 


လက်ဝှေ့နည်းပြအဖြစ် ဆောင်ရွက်ရန် နှစ်ဖက်ညှိနှိုင်းမှုများကို လာမည့် သြဂုတ် (၆)ရက်နေ့တွင် သိမ်ဖြူကွင်းရှိ ဖီးနစ် ရိုးရာလက်ဝှေ့အားကစားခမ်းမတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းရင်းမြစ်−ပြည်မြန်မာ



 



Follow us on