1. Home
  2. Special or Others

၁၅၀၀ ကျပ်ထဲနဲ့ အဝစားနိုင်မည့် ရန်ကုန်မြို့လည်က ထမင်းဆိုင်

Special or Others ก.ค. 20, 2560 view 2,548

ယနေ့လို ခေတ်မှာ ဘယ်တုန်းကမှ ကြုံဖူးမှာမဟုတ်တဲ့ တစ်ထောင့်ငါးရာကျပ်ထဲနဲ့ ထမင်းအဝစားပြီး အချိုပါတည်းနိုင်တဲ့ အသက်သာဆုံး ထမင်းဆိုင်တစ်ဆိုင် ရန်ကုန်မြို့က စမ်းချောင်းရပ်ကွက်ထဲမှာ ဖွင့်လှစ်ထားပါတယ်။


သုံးဆောင်ရမည့် ထမင်းနဲ့ ဟင်းများကို အလျှံအပယ်တည်ခင်းထားပြီး စိတ်ကြိုက်ကိုယ်တိုင်ယူ ထည့်စားရတဲ့ ဘူဖေးစနစ်နဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။


လူတစ်ဦးလျှင် ၁,၅၀၀ ကျပ်သာကျသင့်တဲ့ “ရွှေကြာ” ထမင်းဆိုင်ကို နံနက် ၁၁ နာရီမှ ည ၉ နာရီထိ တိုက်အမှတ် ၅၈(A) ဇေယျဝတီလမ်း၊ ဗဟိုလမ်းမကြီးပေါ်၊ ဂွဈေးအနီးမှာ ဖွင့်လှစ်ထားပါတယ်။


ဆိုင်ရဲ့ ထူးခြားတဲ့ အပြင်အဆင်ကတော့ ခမောက်လေးတွေ စီတန်းပြီးချိပ်ထားတာဖြစ်လို့ အလွယ်တစ်ကူ ရှာဖွေတွေ့နိုင်ပါလိမ့်မယ်။ တောင်ကြီးကနေ လာဖွင့်ထားတဲ့ ဆိုင်လေးမှာ ဟင်းတွေကလည်း သန့်ပြန်စုံလင်ပြီး ထမင်းစားပြီးတဲ့အခါ အချိုတည်းဖို့ အသီးအနှံလေးတွေလည်း တည်ခင်းပေးထားတာကို တွေ့ရပါတယ်။





Follow us on