1. Home
  2. Myanmar’s Got Talent

ဂဏန်းပေါင်းစက်ထက်မြန်တဲ့ မြန်မာလူငယ် သင်္ချာဉာဏ်ကြီးရှင်

Myanmar’s Got Talent มิ.ย. 30, 2560 view 1,889

အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ ရာရှင်းသန့်ဆိုတဲ့ လူငယ်လေးတစ်ဦးဟာ မှတ်ဉာဏ်စွမ်းရည် မြင့်မားရုံသာမက ၁၂ လုံးထိရှိတဲ့ သင်္ချာကိန်းဂဏန်းရှည်ကြီးတွေကိုလည်း စက္ကန့်ပိုင်းအတွင်းမှာ စိတ်တွက်နဲ့ တွက်ချက်အဖြေထုတ်ပေးနိုင်သူဖြစ်ပါတယ်။

သူဟာ Myanmar’s Got Talent 2017 Season 4 မှာ သူ့ရဲ့ သင်္ချာစွမ်းရည်ကို ချပြခဲ့ပြီး ဒိုင်လူကြီးမင်းများနဲ့တစ်ကွ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေကိုပါ အံ့အားသင့်စေခဲ့ပါတယ်။ ကိန်းဂဏန်းရှည်ကြီးတွေကို ငါးထပ်ကိန်းအဖြစ် စိတ်တွက် တွက်ချက်ပြီး အဖြေပြောလိုက်ချိန်မှာ ဒိုင်လူကြီးမင်းတစ်ဦးဖြစ်တဲ့ ကိုမောင်မောင်အေးက သူ့ရဲ့ iPad ပေါ်မှာ တွက်ချက်လို့တောင် မပြီးသေးပါဘူး။

ဒါ့အပြင် အလားတူ ပုစ္ဆာတစ်ခုကို စက္ကန့်ပိုင်းအတွင်း တွက်ချက်ပြပြီး အဖြေများကို နောက်ဆုံးမှ ပြောင်းပြန်ပြောခဲ့တာဟာ ဒဿမပွိုင့်တောင် မလွဲချော်ခဲ့တာကို တွေ့မြင်ကြရပါတယ်။ ဒီတစ်ခါလည်း ကိုမောင်မောင်အေးတစ်ယောက် တွက်လို့လိုက်မမီနိုင်ပြန်ဖြစ်ခဲ့ရပါတယ်။

ဒိုင်လူကြီး ဦးသီကတော့ လက်ဖျားတင်မက တစ်ကိုယ်လုံးပါ ခါတယ်လို့ မှတ်ချက်ပြုခဲ့ရသလို၊ မို့မို့မြင့်အောင် ကလည်း တော်လွန်းလို့ ဒီလိုသားမျိုးလေး ရချင်လိုက်တာလို့ မှတ်ချက်ပြုခဲ့ပါတယ်။

ပြိုင်ပွဲဝင် ရာရှင်းသန့်ရဲ့ ဉာဏ်ရည်ပါရမီဟာ မြန်မာတင်မက ကမ္ဘာကိုပါ ချပြလို့ရတဲ့ ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ဒိုင်တွေက သုံးသပ်ပြောကြားခဲ့ပါတယ်။ ကိုယ်တိုင်ကြည်ရှု့ ဆုံးဖြတ်ပေးကြပါဦး..။


 



Follow us on