1. Home
  2. Myanmar News

သိန်း10000 သိန်း5000 သိန်3း000 ဆုမဲများနှင့် အောင်ဘာလေထီ

Myanmar News มิ.ย. 30, 2560 view 2,182

(၄) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် ထီရောင်းရငွေနှင့် ဖွင့်လှစ်ပေးအပ်မည့် ဆုကြေးငွေ အချိုးအစားတို့တွင် အများဆုံးအဖြစ် စံချိန်တင်လာသည်။

(၄) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီတွင် သတ်မှတ်ထားသည့်အတိုင်း အက္ခရာ ၄၄ လုံးကုန်စင်အောင် ရောင်းချနိုင်ခဲ့သောကြောင့် ထီလက်မှတ်ရောင်းရငွေပေါင်းမှာ ကျပ် ၁၈ ဘီလျံခန့်အထိရရှိခဲ့ကြောင်း သိရသည်။ ယင်းအနက် ရာခိုင်နှုန်း ၄၀ မှာ နိုင်ငံတော်အခွန်ရငွေအဖြစ် ပေးသွင်းပြီး ကျန်ရာခိုင်နှုန်း ၆၀ ဖြစ်သည့် ကျပ် ၁၀ ဘီလျံကျော်ကို ဆုမဲများအဖြစ် ပြန်လည်ခွဲဝေပေးခြင်းဖြစ်သည်။

ဇွန် ၁ ရက်တွင် စတင်ရောင်းချပြီး ဇူလိုင် ၁ ရက်တွင်ဖွင့်လှစ်မည့် (၄) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင်
ကျပ်သိန်းတစ်သောင်းဆု (၁)ဆု
ကျပ်သိန်း ၅၀၀၀ ဆု (၂)ဆု
ကျပ်သိန်း ၃၀၀၀ ဆု (၃)ဆု
ကျပ်သိန်း ၁၀၀၀ ဆု (၆)ဆု
ကျပ်သိန်း ၅၀၀ ဆု (၈)ဆု
ကျပ်သိန်း ၃၀၀ ဆု (၉)ဆု
ကျပ်သိန်း ၁၀၀ ဆု (၉)ဆု
ကျပ်သိန်း ၅၀ ဆု (၁၂) ဆု
ကျပ်သိန်း ၃၀ ဆု (၁၂) ဆု
ကျပ် ၁၀ သိန်းဆု (၁၃) ဆု၊ အပါအဝင်
ဝေေ၀ဆာဆာ ပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်းဆု (အက္ခရာနှင့် ရှေ့ဂဏန်းငါးလုံးတူ) ၁၀ ယူနစ် ဆု ၁၀၀၊ ကျပ်နှစ်သိန်းဆု (အက္ခရာနှင့် ရှေ့ဂဏန်းလေးလုံးတူ) ၁၀ ယူနစ်ဆု ၁၀၀၀၊ ကျပ်တစ်သိန်းဆု (အက္ခရာနှင့် ရှေ့ဂဏန်းသုံးလုံးတူ) ၁၂ ယူနစ် ဆု ၁၂၀၀၀၊ ကျပ်ငါးသောင်းဆု (အက္ခရာနှင့် ရှေ့ဂဏန်းနှစ်လုံးတူ) ၁၀ ယူနစ်ဆု တစ်သိန်းဖြင့် စုစုပေါင်းဆုမဲအရေအတွက် ၁၁၃၁၇၅ ဆုအထိ ချီးမြှင့်သွားမည်ဖြစ်သည်။

(၄) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီတွင် ပင်မထီအဖြစ် ‘က’ အက္ခရာမှ ‘ဖ’ အက္ခရာအထိ အစဉ်လိုက်အက္ခရာအလုံးရေ ၂၂ လုံးနှင့် အရန်ထီတွင် ‘ကက’ မှ ‘ကဖ’ အထိ အက္ခရာ ၂၂ လုံး စုစုပေါင်း ၄၄ လုံးဖြစ်သည်။

ထီဆုကြီးများ အသီးသီးဆွတ်ခူးနိုင်ကြပါစေ လို့ Popolay ကတောင်းဆုပြုပါတယ်။



Follow us on