လက်တလောအွန်လိုင်းမှာ လူစိတ်ဝင်စားမှုများနေတဲ့ ငွေချေးလုပ်ငန်းကိစ္စကို လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက အခုလိုပဲသတိပေးလိုက်ပါပြီ။ဒါက အရမ်းအရေးကြီးပါတယ်။"သတိပြုသင့်တယ်လို့အများသိစေဖို့ Share ပေးခြင်းနဲ့ ကူညီပေးကြပါ"
"ဂျင်းတွေထည့်နေတယ်
M.SEC အွန်လိုင်းငွေချေးလုပ်ငန်းဆိုပြီး တစ်သိန်းကို တစ်နှစ်အပ်ရင် အရင်းအပြင်အတိုး ၄၈၀၀၀၀ ရမယ်ဆိုပြီး လိမ်နေတယ်။
အဲဒီအွန်လိုင်းငွေစုငွေချေးကို မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ ခွင့်ပြုမထားဘူး။
ခင်ဗျားတို့ လောဘတက်ပြီး ငွေထည့်တာနဲ့ အလိမ်ခံရပြီပဲ။
သူက ကမ္ဘောဇဘဏ်နဲ့ ချိတ်ထားသယောင်ရေးထားတယ်။ လိမ်တာပါ။ ကမ္ဘောဇအနေနဲ့ သူ့အကောင့်ကို MFIU (မြန်မာနိုင်ငံငွေကြေးစုံစမ်းရေးတပ်ဖွဲ့) ဆီ သတင်းပို့သင့်ပါတယ်။။
အောက်က သူ့မူရင်းအတိုးပေးမယ့် မက်လုံးပို့စ်ပါ။
(မှတ်ချက် ။သူပေးထားတဲ့ M.SEC ဟာ အစိုးရပိုင် ဖက်စပ်ပိုင်Myannar Stock and Exchange Centre (MSEC) ကိုထင်ယောင်ထင်မှား အင်ထုထားပါတယ်။
အစိုးရပိုင် MSEC ကို မြန်မာ ဘက် က မြန်မာ့ စီပွားရေးဘဏ် (MEB) နဲ့ ဂျပန် က ဒိုင်ဝါ ကုမ္ပဏီ တို့ ဖက်စပ် ထားတဲ့ အဖွဲ့ အစည်း ဖြစ်ပြီး လက်ရှိမှာ YSX အတွက် Securities လုပ်ငန်းတွေ လုပ်နေပါတယ်။ M.SEC ကို ထောင်တဲ့သူဟာ ငွေကြေးလောကက ဖြစ်ဖို့ အသေအချာပါ။)
M.SEC [ငွေတိုး]
(၁) ၁ သိန်း ကျပ်အပ်နှံပါက ၁နှစ်စာ(၁၂ လတိတိ) (တစ်နှစ်အတွက် ၄၈၀,၀၀၀ MMK ) ၁ လပြည့်တိုင်း ၄သောင်းကျပ် ထုတ်ယူနိုင်ပါသည်။
(၂) ၂ သိန်း ကျပ် အပ်နှံပါက ၁နှစ်စာ(၁၂ လတိတိ) ( တစ်နှစ်အတွက် ၇၂၀,၀၀၀ MMK ) ၁ လပြည့်တိုင်း ၆ သောင်းကျပ် ထုတ်ယူနိုင်ပါသည်။
(၃) ၃ သိန်း ကျပ် အပ်နှံပါက ၁နှစ်စာ(၁၂ လတိတိ) ( တစ်နှစ်အတွက် ၉၆၀,၀၀၀ MMK ) ၁ လပြည့်တိုင်း ၈ သောင်းကျပ် ထုတ်ယူနိုင်ပါသည်။
(၄) ၄ သိန်း ကျပ် အပ်နှံပါက ၁နှစ်စာ(၁၂ လတိတိ) ( တစ်နှစ်အတွက် ၁,၂၀၀,၀၀၀ MMK ) ၁ လပြည့်တိုင်း ၁သိန်းကျပ် ထုတ်ယူနိုင်ပါသည်။
(၅) ၅ သိန်း ကျပ် အပ်နှံပါက ၁နှစ်စာ(၁၂ လတိတိ) ( တစ်နှစ်အတွက် ၁,၄၄၀,၀၀၀ MMK ) ၁ လပြည့်တိုင်း တစ်သိန်း၂သောင်းကျပ် ထုတ်ယူနိုင်ပါသည်။
(၆) ၁၀ သိန်း ကျပ် အပ်နှံပါက ၁နှစ်စာ(၁၂ လတိတိ) ( တစ်နှစ်အတွက် ၂,၈၈၀,၀၀၀ MMK ) ၁ လပြည့်တိုင်း ၂သိန်း၎သောင်းကျပ် ထုတ်ယူနိုင်ပါသည်။
(၇) ၂၀ သိန်း ကျပ် အပ်နှံပါက ၁နှစ်စာ(၁၂ လတိတိ) ( တစ်နှစ်အတွက် ၅,၇၆၀,၀၀၀ MMK ) ၁ လပြည့်တိုင်း ၄သိန်း၈သောင်းကျပ် ထုတ်ယူနိုင်ပါသည်။
ငွေတိုး ရင်းနှီးထည့်သွင်းသူတစ်ယောက်အတွက် အထက်ပါ နှုန်းထားများအား တစ်နှစ်စာအတွက်သာ ရရှိနိုင်မှာဖြစ်ပါတယ်။"
Source:Phyo Wai Win