1. Home
  2. Myanmar News

တစ်နိုင်ငံလုံး ပထမ ဆုရရှိသူ မောင်သုတရဲမိုး ပြန်ရှင်းတဲ့ ဆရာခိုနဲ့ ကြက်ပေါင်းရည် ကြော်ငြာဂယက်

Myanmar News มิ.ย. 21, 2560 view 1,962

မကြာသေးခင်က ထွက်ပေါ်လာတဲ့ "တစ်နိုင်ငံလုံး ပထမရ ကျောင်းသားမှ ကြက်ပေါင်းရည် ကြော်ငြာ ရိုက်ကူးမှုကို ငြင်းဆို"ဆိုတဲ့ သတင်းမှာ သတင်းမှားဖြစ်ကြောင်းနဲ့အဆိုပါသတင်းမှာ လူမှုကွန်ရက်စာမျက်နှာတွေ ဟာသပုံစံဖြင့်ရေးသားထားခြင်းသာဖြစ်ကြောင်းတစ်နိုင်ငံလုံး ပထမ ဆုရရှိသူ မောင်သုတရဲမိုး (အထက ၂ ရန်ကင်း) က အခုလိုပဲရှင်းလင်းပြောကြားထားပါတယ်။

 

 

တစ်နိုင်ငံလုံး ပထမ ဆုရရှိသူ မောင်သုတရဲမိုး (အထက ၂ ရန်ကင်း) နှင့်ပတ်သက်ပြီးရှင်းလင်းချက်မှာ" ခုတတ်နေတဲ့ဘရင်းကြက်ပေါင်းနဲ့ဆရာခိုကိစ္စကလုံးဝမဟုတ်ပါဘူးဗျာ့။ညီလေးရဲ့အဖေကလည်းဒီကိစ္စကိုလုံးဝမဟုတ်ကြောင်းဖြေရှင်းထားပါတယ်။ ဒါပါဘဲအောင်မြင်မှုဆိုတာရယူဖို့ခက်ခဲသလို၊ရလာတဲ့အောင်မြင်မှုကိုလည်းဒီအဆိုးမြင်ဝါဒဖြန့်သမားတွေ့ကြောင့်တည်မြဲနိုင်အောင်ထိန်းသိမ်းနိုင်ဖို့ခက်ခဲတယ်ဆိုတာ။ ဘယ်နှယ့်ဗျာ့ ကာယကံရှင်ကိုယ်တိုင် မပြောခဲ့တဲ့ကိစ္စကို အဟုတ်လုပ်ပြီး သတင်းဖြန့်နေတာ။ ဒီနှစ်မှာမှတစ်ယောက်ထဲထွက်တဲ့ ဒီပညာပါရမီရှင်လေးကို Myanmar Breaking New Page ကဘလိုမျိုးရည်ရွယ်ချက်နဲ့တိုက်ခိုက်မှန်းတော့မသိဘူး။ဟာသအနေနဲ့တင်တာပါဆိုရင်လည်းမလုပ်ပါနဲ့ဗျာ့။ဒီကိစ္စကညီလေးရှေ့လျှောက်မယ့်အနာဂတ်လမ်းကြောင်းမှာ သူ့သူငယ်ချင်းတွေဆီမှာ အမြဲတမ်းအလှောင်ခံရမယ့်ကိစ္စပါဗျာ့။ post အာက်မှာ Likeက 10kကျော်တယ်။ ကော်မန့်တွေကလည်း ဆဲဆိုတာတွေ၊ဝေဖန်ထားတာတွေနည်းတာမဟုတ်ဘူး။ shareထားတာကလဲ သောက်သောက်လဲ။ တခြားpostတွေတင်ပြီးဟာသတွေလုပ်နေကြတာလည်း စုံလို့။ ဒီဝါဒဖြန့်သမားတွေ့ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီး ခုထိ တိုးတတ်မှုနှောင့်နေနေတာ။ ကာယကံရှင်မိသားစုတွေကလည်း ဒီကိစ္စကြောင့်စိတ်ထိခိုက်နေရပြီး ဖြေရှင်းချက်တွေပေးနေရတယ်ဗျာ့။ ခုမှဘဝခရီးလမ်းကို စတင်မယ့် လူရည်ချွန်လေးကို ဒီလိုမျိုး တိုက်ခိုက်လိုက်တာဟာ သူလျှောက်မယ့် အနာဂန်အတွက်များစွာ စိတ်ထိခိုက်သွားနိုင်တယ်။ပညာတတ်လေးတွေကိုနိုင်ငံတော်အနာဂတ်အတွက်လက်ကမ်းကြိုဆိုကြပါဗျာ့။မြန်မာလူမျိုးတို့ရဲ့ဂုဏ်ကိုဖော်ကြပါ။မိမိလူမျိုးဖင်ကိုမဖော်ကြပါနဲ့ဗျာ့။ ညီလေးသုတရဲမိုး....အောင်မြင်သူတိုင်းအတိုက်ခံဆိုတာရှိစမြဲပဲကွာ ဘယ်တွက်ကြောင့်မှစိတ်ဓာတ်မကျနဲ့ ဖိုက်တင်းညီလေး သူများတွေမလုပ်နိုင်တဲ့အရာကိုယူပြနိုင်ခဲ့လို့လည်းထပ်ဆင့် congratulations ပါညီလေး နောက်ထပ်သတင်းအမှားတွေမတင်ဖို့....... အားလုံးကို ရိုသေလေးစားတောင်းပန်လျှက်လျှက်........" လို့ ပြန်လည်ဖြေရှင်းထားပါတယ်။

 

ကနေဦးထွက်ပေါ်နေခဲ့တဲ့ သတင်းမှားဖော်ပြချက်ကတော့ အောက်ပါအတိုင်းဖြစ်ပြီး တစ်ဆင့်ပြန်လည်ဖြန့်ဝေသူတွေ၊ အတွေးအမြင်ယူဆချက်တွေနဲ့ ပြန်လည်မျှဝေခဲ့ကြပါတယ်။

"တစ်နိုင်ငံလုံး ပထမရ ကျောင်းသားမှ ကြက်ပေါင်းရည် ကြော်ငြာ ရိုက်ကူးမှုကို ငြင်းဆို
-------------------------------------------------------
အမှတ် ၅၅၅ မှတ်ဖြင့် တစ်နိုင်ငံလုံး ပထမ ဆုရရှိသူ မောင်သုတရဲမိုး (အထက ၂ ရန်ကင်း) အား ကြက်ပေါင်းရည် ကြေညာရိုက်ကူးရန် ကမ်းလှမ်းမှုကို ကျောင်းသား ဘက်မှ ငြင်းဆိုခဲ့သည်။ Media မှ မေးမြန်းမှုတွင်လည်း ထိုအကြောင်းကို ထည့်သွင်း ဖြေကြားခဲ့ပါသည်။ “ကျွန်တော် တကယ်မသောက်ခဲ့ ပဲနဲ့ သောက်တဲ့ ပုံ မညာချင်ဘူး ခင်ဗျ” ဟု ယဉ်ကျေးစွာ ဖြေကြားခဲ့ပြီး Interviewer မှ “ဒါဆို အခုလို အောင်မြင်မှု အတွက် အခြား ဘာ ဆေးဝါး စားသုံးမှု တစ်ခုခုများ ပြုလုပ်ခဲ့ပါသလဲ သိလို့ရမလား မောင်လေး” ဟု ထပ်မံ မေးမြန်းရာ မောင်သူတရဲမိုး မှ အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။ “ကျွန်တော်က အထွေထွေ ဗဟုသုတ များအောင် ကြိုးစားနေထိုင်ပါတယ် အခုလို အောင်မြင်ခြင်းရဲ့ လျို့ဝှက်ချက်ကတော့ စာကျက်ကာနီး တိုင်း နားထင်မှာ ဆရာခို ကို ပါးပါးလူးပေးပါတယ် ဆရာခိုဆေးမှာ အကြိတ်အဖု ဂရင်ဂျီနာ အနာစိမ်းတွေကို ပျောက်စေတဲ့ ဓါတ်တွေအပြင် ဥာဏ်ရည်ကောင်းမွန်စေတဲ့ Ingredients တွေပါ ၀င်ကြောင်း ကျွန်တော် ရှာဖွေတွေ့ရှိခဲ့ပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဆေးထုတ်လုပ်ရေးမှ လည်း ဆက်သွယ်ထားပြီး မောင်သုတနှင့် လိမ်းဆေးကြေညာရိုက်ကူး ရန်ပြင်ဆင်နေပြီ ဟုသိရှိရပါတယ်"
ဖြစ်ကြောင်း ဖော်ပြထားကြတာပါ။

Source:Tun Tun Naing



Follow us on