1. Home
  2. Myanmar News

YBS ကားပေါ်က ထိုင်ခုံ လိမ္မော်ရောင် တွေက ဘာအတွက်လဲ....?

Myanmar News มิ.ย. 14, 2560 view 2,256

မသိသေးသူများ သိကြပါစေရန် ပြန်လည်မျှဝေပါ၏
YBS စီးကြတဲ့ ခရီးသည် တွေအနေနဲ့ အသစ်ရောက်ရှိလာပြီး လက်ရှိပြေးဆွဲပေးနေတဲ့
YBS City Bus ကားသစ် တွေမှာတပ်ဆင်ထားတဲ့ ထိုင်ခုံအပြာရောင်တွေ အများကြီး
အထဲကမှ ကားရဲ့ ဘယ်ဘက်ခြမ်းမှာပါတဲ့ ထိုင်ခုံ လိမ္မော်ရောင်လေးတွေကို မြင်မိကြမယ်
ထင်ပါတယ်။ အဲ့ဒီ ထိုင်ခုံ လိမ္မော်ရောင် လေးတွေက
( သက်ကြီးရွယ်အိုး၊မသန်စွမ်း၊ကိုယ်ဝန်ဆောင်မိခင် နှင့် ရဟန်းသံဃာတော် ) တို့ စီးဖို့
သီးသန့် သတ်မှတ်ပေးထားတဲ့ခုံလေးတွေဖြစ်ပါတယ်။

အဲ့ဒီနေရာမှာ ထိုင်နေတဲ့ ခရီးသည် တွေဟာ အထက်ပါ ပုဂ္ဂိလ်များ ကားပေါ်တတ်လာရင်
မိမိထိုင်နေတဲ့နေရာကနေထပေးရမယ်ဆိုတဲ့ အသိလေးရှိဖို့လိုအပ်ပါတယ် ။

တချို့ ခရီးသည် တွေက ကားပေါ်တတ်လာတဲ့အခါ ထိုင်ခုံ အပြာရောင် လေးတွေနေရာ
လွတ်နေတာတောင် ထိုင်ခုံ လိမ္မော်ရောင် မှာ သွားထိုင်ကြတာတွေနေရလို့ပါ ။
ထိုင်တာကို အပြစ်မပြောလိုပါ ကိုယ်က လိမ္မော်ရောင် ခုံလေးတွေမှာ ထိုင်မယ်ဆိုင်ရင်
( သက်ကြီးရွယ်အိုး ၊မသန်စွမ်း၊ကိုယ်ဝန်ဆောင်မိခင် နှင့် ရဟန်းသံဃာတော် ) တွေထဲက
တစ်စုံတစ်ဦးကားပေါ်တတ်လာရင် ကိုယ်အသိစိတ်နဲ့ ကိုယ်ထပေးဖို့လိုပါတယ် ။

သူများပြောမှ ထပေးရတာ လူကြီးလူကောင်းတွေအတွက်ရှက်စရာပါ ။
မထပေးချင်သောသူတွေ ရှက်တတ်ကြပါ ။ လိမ္မော်ရောင် ခုံလေးတွေက အလှတပ်ဆင်
ထားချင်မဟုတ် သူမှာ အဓိပ္ပါယ် သတ်မှတ်ချက်ရှိနေပါတယ် ။ ကိုယ်ကသွားရမယ်
ခရီးဝေးတယ်ဆိုရင် ကားချောင်းတဲ့အခါထဲက ထိုင်ခုံ အပြာရောင် လေး တွေကိုဘဲ
ရွေးထိုင်ကြဖို့အကြံပြုပေးချင်တာပါ ။

ထိုင်ခုံ လိမ္မော်ရောင်လေးတွေရဲ့ ဘေးဘက်မှာလည်း ပုံလေးနဲ့စာကပ်ထားပါတယ် ။
တချို့တွေက ရဟန်းသံဃာအတွက်ဘဲထားတယ်လို့ ထင်ပြီး ရဟန်းသံဃာတွေလာမှ
နေရာထပေး တတ်ကြပါတယ် အဲ့ဒါမဟုတ်ပါ သက်ကြီးရွယ်အိုး ၊ မသန်စွမ်း ၊
ကိုယ်ဝန်ဆောင်မိခင်တွေ ကားပေါ်တတ်လာရင်လည်း ထိုင်ခုံ လိမ္မော်ရောင်လေးမှာ
ထိုင်နေတဲ့ ခရီးသည်များက ကိုယ်ရဲ့အသိစိတ်ဓာတ်လေးနဲ့ ထိုင်နေရာမှ ထပေးဖို့တာဝန်ရှိပါတယ် ။
ဒါက နိုင်ငံတကားသတ်မှတ်ချက်ပါ ။
ထိုင်ခုံ လိမ္မော်ရောင် လေးတွေက ထိုင်ခုံ အပြာရောင်တွေကြားမှ
အလှတပ်ဆင်ထားချင်မဟုတ်ပါ ။ ‎

Posted- Tu Wam

 



Follow us on