1. Home
  2. International News

ကမ္ဘာ့ ကိုယ်လုံးတီးစက်ဘီးစီးနေ့ မန်ချက်စတာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

International News มิ.ย. 12, 2560 view 2,091

၁၁ ကြိမ်မြောက် ကမ္ဘာ့ ကိုယ်လုံးတီးစက်ဘီးစီးနေ့ကို အင်္ဂလန်နိုင်ငံ မန်ချန်စတာမြို့တွင် ဇွန် ၁၀ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီးအဆိုပါနေ့ကို ကမ္ဘာအနှံ့ မြို့ပေါင်း ၇၀ ခန့်တွင် ကျင်းပခဲ့သည်ဟု Dailymail တွင်ဖော်ပြထားသည်။စက်ဘီးစီးသူများအတွက် အန္တရာယ်ကြုံတွေ့ရမှုလျော့ပါးရေး စက်တပ်ယာဉ်များမှထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့ပါးရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါပွဲကိုကျင်းပခဲ့ရာ ၁၁ကြိမ်မြောက်ရှိသွားကြောင်း သတင်းမှဖော်ပြထားပါတယ်။

ကိုယ်လုံးတီးစက်ဘီးစီးနေ့တွင် ပါဝင်ဆင်နွှဲခဲ့သည့် စက်ဘီးသမားများသည် မန်ချက်စတာမြို့၏ အထင်ကရ နေရာများဖြစ်သည့် မြို့တော်ခန်းမ စိန့်ပီတာရင်ပြင်များအပါအဝင် Deansgate တလျောက် ဖြတ်သန်း စီးနင်းခဲ့ကြသည်။ နိုင်ငံတကာမှ စိတ်ပါဝင်စားတဲ့ စက်ဘီးစီးသူများလည်း ပါဝင်ဆင်နွှဲကြခဲ့ကြသည်။ ယခုနှစ်ကျင်းပသည့်ပွဲကို သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အတွက် ပျားများ၏အရေးပါမှုကို သတိပြုမိစေရန်အတွက် Bee Theme ဖြင့် ဆင်နွှဲခြင်းဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် အနက်အဝါကြား လုပ်သားပျားသဖွယ် ရေးချယ်ကြသည်။

 



Follow us on