1. Home
  2. Movie Stars - Celebrity

No အဖွဲ့ဝင်ဟောင်း အဆိုတော် သရုပ်ဆောင် သဇင် ဘာလုပ်နေလဲ

Movie Stars - Celebrity พ.ค. 29, 2560 view 3,313

အိမ်ထောင်ကျသွားပြီးနောက် အမျိုးသားနေတဲ့ သြစတေးလျနိုင်ငံ Perth မြို့ကိုလိုက်သွားတဲ့ အဆိုတော် သရုပ်ဆောင် သဇင်က Beauty Blogger တစ်ယောက်လုပ်နေတယ်လို့ သိရပါတယ်။

အဆိုတော်သဇင်က သြစတေးလျမှာ WA Acadamy မှာ မိတ်ကပ်သင်တန်း တက်ရောက်နေပြီး သင်တန်းသူတစ်ယောက်သာ ရှိသေးတာမို့ လေ့လာစရာတွေ အများကြီးရှိသေးတယ်လို့ ပြောပါတယ်။

Beauty Blogger အဖြစ် page လုပ်ဖြစ်ခဲ့တာ မကြာသေးဘဲ အလှအပကို ကြိုက်နှစ်သက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် တခြားအမျိုးသမီးတွေကိုလည်း လှစေချင်တဲ့အတွက် ဘလော့ဂါတစ်ယောက်အနေနဲ့ ပေ့ခ်ျမှာ သိသမျှ ပြန်လည်ဝေမျှပေးထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

အမျိုးသားနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘ၀လေးမှာ နေထိုင်နေတဲ့ သဇင်တစ်ယောက် အောင်မြင်တဲ့ Beauty Blogger တစ်ယောက်အဖြစ် ရပ်တည်နိုင်ပါစေ။

Source : မော်ဒန်ဂျာနယ်

Photo Credit : LMN / သဇင်ဖေ့စ်ဘွတ်



Follow us on