အသက် ၄ နှစ်အရွယ်သမီးငယ် အဓ္ဓမပြုကျင့်ခံရမှုကို အမှုမှန်ပေါ်ပေါက်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အတွင်းရေးမှူး ကြိုးပမ်း
08 Nov 2016 1,573 Views

နိုဝင်ဘာလ ၇ ရက်နေ့ ညနေတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အတွင်းရေးမှူး ကိုညီညီ ထံသို့ ဖုန်းဆက် တိုင်ကြားလာသော အမှုမှာ အသက် ၄ နှစ်အရွယ် သမီးငယ်လေး အဓ္ဓမပြုကျင့်ခံရမှုကြောင့် သွေးထွက်လွန်ပြီး မြောက်ဥက္ကလာ မေဒါဝီဆေးရုံ သားဖွားမီးယပ်ဆောင်တွင် တင်ထားရကြောင်း ဖခင်ဖြစ်သူက တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ကိုညီညီ ကိုယ်တိုင် ဆေးရုံသို့ လိုက်သွားခဲ့ပြီး ကလေးငယ်ကို အားပေးနှစ်သိမ့်ကာ သက်ဆိုင်ရာ မြို့နယ်မှုး၊ မြောက်ဥက္ကလာပ ကိုယ်စားလှယ်နှင့် အာဏာပိုင်အဖွဲ့အစည်းများကို အကြောင်းကြားကာ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရန် ဆောင်ရွက်ခဲ့ပြီး ယခုလို သက်ငယ်မုဒိန်းမှုများကို အလွတ်မပေးပဲ တရားခံဖော်ထုတ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သူ၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အောက်ပါအတိုင်း အသေးစိတ် ဖော်ပြခဲ့သည်။
==================
၇.၁၁.၂၀၁၆ ည၇နာရီမှာ
သက်ငယ်မုဒိမ်းကိစ္စ ဖုန်းဝင်လာတယ် ၁၃နှစ် ၁၄နှစ်ပေါ့လို့ ထင်လိုက်တာ ဆက်ပြီးနားထောင်ကြည့်တော့ ၄ နှစ်သမီးလေး မူကြိုတတ်နေတဲ့ အရွယ်ကိုမတရားပြုကျင့်ခံရတာပါတဲ့ အခုလည်း ရုံးကိုလာခဲ့နေပါပြီဆိုတော့ ရုံးရောက်တော့ အဖေဖြစ်သူနဲ့စကားပြော အဖေဖြစ်သူကလည်း မျက်ရည်လေးတဝဲဝဲနဲ့ငိုသံနဲ့ပြောတယ် သမီးလေးတစ်ကိုယ်လုံးမှာ သွေးထွက်များလွန်းလို့ စောင်နဲတောင်ပတ်ထားရတယ်တဲ့ ကျနော်လည်း တော်တော့်ကိုရင်ထဲမှာ နင့်သွားတယ် ကလေးဓာတ်ပုံလေးထုတ်ပြတော့ တကယ့်ကိုချစ်စရာလေး။
ဒါနဲ့အခုကလေးရောမေးကြည့်တော့ မြောက်ဥက္ကလာ မေဒါဝီဆေးရုံ သားဖွားမီးယပ်အပေါ်ထပ်မှာတင်ထားပါတယ်တဲ့။ ပြီးတော့အဖေဖြစ်သူက အကူညီတောင်းစာလေးထုတ်ပေးတယ် သမီးလေးပုံပါ ပါတယ် ဓာတ်ပုံကိုလည်းအမှုမှန်ပေါ်ပေါက်ရေးအတွက်ကြိုက်တဲ့နေရာမှာသုံးပါဆိုပြီး ပေးသုံးပါတယ် တဆက်တည်းဘဲကျနော်ကလည်းဦးမြင့်ဝင်းကျနော့်(ရုံးတာဝန်ခံ)နဲ့တိုင်ပင်ပြီးဆေးရုံကိုတစ်ခါတည်း လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ် တိုင်းအစိုးရ ဒုညွန်မှုးကိုတဆင့်အကူညီတောင်းလိုက်တော့ မြို့နယ်ထွေအုပ်ရုံးကလည်း ဆေးရုံကိုရောက်လာပြီး အကူအညီပေးပါတယ် ဦးမြင့်လွင်(မြောက်ဥက္ကလာကိုယ်စားလှယ်)လည်းလှန်းအကြောင်းတယ် ဆေးရုံရောက်တော့ ကလေးကိုမြင်တော့ရင်ထဲမှာ တော်တော့်ကိုနင့်သွားတယ် ဗိုက်ကိုဖောက်ထားရတယ်တဲ့ မစင်တောင်သူ့နေရာကနေစွန့်ဖို့အတွက်မရတော့လို့ပါတဲ့အမေဖြစ်သူက ပြောပြရှာတယ် ကျနော်လည်း ကလေးကို ပန်ဒါဝက်ဝံ အရုပ်လေး၂ရုပ်ပေးလိုက်တယ် သမီးလေးနေကောင်းလားလို့မေးလိုက်တော့ မေမေဘယ်သူတွေလည်းဟင် သူ့အမေကိုလှန်းမေးတယ် ဆေးရုံကပြန်တော့ ကျနော်ဒဂုံအရှေ့ရဲစခန်းကိုတန်းပြီးလိုက်တယ် မြို့နယ် NLD ဥက္ကဌ ဦးလှထွန်းနဲ့ကိုယ်စားလှယ်တွေကိုလှန်းပြီးအကြောင်းကြားတယ် ရဲစခန်းရောက်တော့ လှည့်ကင်းသွားဖို့ပြင်နေတဲ့ မြို့နယ်မှုးနဲ့တွေ့တော့ အကြောင်းအကျိုးပြောပြလိုက်တယ် အခုထိလည်းအမှုမဖွင့်ပေးသေးဘူးဆိုတာက အစပေါ့ မြို့နယ်မှုးဆီကအမှုကိုင်တွေ အားနည်းတယ်လို့ပြောလိုက်တယ် ပြီးတော့ကျနော်တို့ရုံးထဲလိုက်သွားတယ် ဒုစခန်းမှုးနဲ့တွေ့တယ် သူလည်းရေရေလည်မသိဘူး အမှုဖွင့်ထားလားမေးတော့ နောက်တစ်ယောက်ကိုပြန်မေးနေတယ်။

ကျနော်တို့လည်းစခန်းမှတဆင့် ကလေးရဲ့အိမ်ကိုဆက်ပြီးလိုက်သွားတယ် တော်တော့်ကိုနွမ်းပါးတာကိုတွေ့ရပါတယ် ကလေးအိပ်တဲ့နေရာ မတရားပြု့ကျင့်ခံရတဲ့နေရာတွေကိုပါတွေ့ခဲ့တယ် ပါလာတဲ့ ငွေလေး ၁ သောင်းကို ခလေးအတွက်ပေးခဲ့တယ်။

ကျနော်အိမ်ပြန်တော့၁၁နာရီ ရောက်ပြီးသိပ်မကြာဘူး ထမင်းစားနေတုံး ကလေးရဲ့အဖေဆီကဖုန်းဝင်လာတဲ့ ကျနော်ကိုရဲစခန်းကလှန်းခေါ်တယ်တဲ့ အမှုဖွင့်ပေးမလို့ပါတဲ့ ......
ကဲ..ကျနော်တို့ဘယ်လိုလုပ်ကြမလည်း?
ကျနော်တို့မလိုက်သွားရင် ဒီအမှုဟာ ဒီအတိုင်းနဲ့ဘဲ ပျောက်ကွယ်မသွားဘူးလို့ဘယ်သူပြောနိုင်မလဲ?
ကျနော်သက်ဆိုင်သူအားလုံးကိုလည်းဖုန်းများဆက်ပြီးအကြောင်းကြားခဲ့ပါတယ်
အမှုမှန်အမြန်ဆုံးပေါ်ပေါက်အောင်ကြိုးစားသွားမယ်၊ အသေးစိတ်သိလိုသူများဖုန်းဆက်၍မေးမြန်းနိုင်ပါတယ်
၀၉ ၄၀ ၁၆၆ ၁၆၅၆
ကိုညီညီ(အတွင်းရေးမှုး)
လူမှု့ရေးနှင့်စီမံခန့်ခွဲရေးကော်မတီ
တိုင်းလွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်