BEC-TERO TV

ဘီယာသောက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့လူငယ် နေရာတင်လဲကျသေဆုံး

02 Jul 2019     1,668 Views


ထိုင်းနိုင်ငံအရှေ့ပိုင်း အိစံစီရင်စုရှိ ဘီယာဆိုင်တစ်ဆိုင်တွင် အပေါင်းအသင်းများနဲ့ ဘီယာသောက်ပြိုင်ပွဲလုပ်ခဲ့ရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ဦး သတ်မှတ်ထားသည့် ဘီယာခွက်အရေအတွက်အားလုံးကို အမြန်ဆုံးကုန်အောင် သောက်နိုင်ခဲ့ပြီးနောက် နေရာမှာတင် လဲကျသေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
 
 
အပျော်တမ်းအနေနဲ့ ဘီယာပြိုင်သောက်တဲ့ ဓလေ့ဟာ ထိုင်းလူငယ်များကြားမှာ ထွန်းကားနေခဲ့တာ ကြာပြီဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာလည်း လူငယ်ဟာ သူငယ်ချင်းများနဲ့အတူ အပျော်တမ်း ဘီယာပြိုင်သောက်ခဲ့ရာက အသက်သေဆုံးခဲ့ရတာဖြစ်ပါတယ်။
 
လူငယ်ဟာ စက္ကန့်ပိုင်းအတွင်း ဘီယာခွက် အားလုံးကို ကုန်အောင်သောက်ခဲ့ပြီးနောက် သူနိုင်ကြောင်း သူငယ်ချင်းများအားပြောပြီး လမ်းလျှောက်အလာ ခြေလှမ်းသုံးလှမ်းမှာ လဲကျသွားခဲ့တာဖြစ်ပါတယ်။
 
 
အစပိုင်းမှာ သူငယ်ချင်းတွေက သူ့ရဲ့အဖြစ်ပျက်ကို မရိပ်မိပဲ မူးပြီးလဲကျသွားတယ်လို့ ထင်မှတ်ကာ စ၊နောက်၊လှောင်ပြောင်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာ လူငယ်ရဲ့ ပါးစပ်က အမြုတ်တစီစီထွက်ပြီး တကိုယ်လုံး အကြောဆွဲသလို ဖြစ်ကာ သေဆုံးသွားခဲ့ပါတယ်။
 
 
ဘီယာသောက်ပွဲမှာ ပါဝင်ခဲ့ပြီး ဒီအဖြစ်ပျက်အကုန်လုံးကို မျက်ဝါးထင်ထင်တွေ့ခဲ့ရတဲ့ Mtlokesara (ဖေ့စ်ဘွခ်အမည်) က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါတယ်။
 
“ကျွန်တော့်ရဲ့ ညီလေးတစ်ယောက် ဘီယာသောက်ပွဲမှာ သတိလစ်လဲကျပြီး သေသွားခဲ့တယ်၊ တစ်ကယ်စိတ်မကောင်းပါဘူး။ ကျွန်တော်က ဘီယာသောက်ပြိုင်ပွဲပေါင်း များစွာပြိုင်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် ခုချိန်ထိ အသက်ရှင်လျှက်ပါပဲ။ တစ်ယောက်ယောက်က ပြိုင်ဖို့ ဖိတ်ခေါ်မယ်ဆိုရင်လည်း ကျွန်တော် ပြိုင်နိုင်ပါသေးတယ်၊ ဒါပေမယ့် အခုတော့ မပြိုင်ချင်တော့ပါဘူး။
 
ကျွန်တော်ဘာကြောင့် မသေသေးတာလဲသိလား..? လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူကြပါဘူး၊ တစ်ယောက်က ခံနိုင်ရည်ရှိပေမယ့် နောက်တစ်ယောက်မှာတော့ သေနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အယ်လ်ကိုဟောရဲ့ အစွမ်းကြောင့်ပါ။ တစ်အားမြန်မြန်ကြီး သောက်လေလေ အယ်လကိုဟောက သွေးထဲမှာ မြန်မြန်ကြီး တိုးဝင်ပြီး ပင်မအာရုံကြောစနစ်ကြီးကို ဖိစီးပြစ်လိုက်တယ် အဲဒါကြောင့် ဆေးလွန်သလိုဖြစ်ပြီး လည်းပင်းအစ်တာ၊ အော့အန်တာ၊ အသက်ရှုကြပ်တာ၊ အသက်ရှုရပ်သွားတာတွေဖြစ်ပြီး သတိလစ်ပြီး သေနိုင်ပါတယ်။
 
ညီငယ်လေး သေဆုံးသွားတဲ့အတွက် အရမ်းဝမ်းနည်းမိပါတယ်၊ ကျန်တဲ့သူတွေလည်း ဘီယာပြိုင်မသောက်ကြဖို့ သတိပေးချင်ပါတယ်။ မြန်မြန်စားတာ၊ မြန်မြန်သောက်တာက လူကို သေစေတတ်လို့ပါ” ဟု ရေးသားခဲ့ပါတယ်။

 


02 Jul 2019     1,668 Views




RELATED

Most Popular of Special or Others

Most Popular of NEWS